Monday, 21 November 2016

ငါးလေးဟင်း ဇီးဖြူသီး ပင်စိမ်းအုပ်







အလုပ်မအားတဲ့ရက်တွေ များလာလေတော့ အဆင်ပြေမယ် ထင်တာလေးတွေ များများချက်ပြီး သိမ်းတန်တာသိမ်း ခဲထားတန်တာ ခဲထားပြီး စားလို့မိန်စေမဲ့ ငါးလေးသားပေါက်ဟင်းကို ဇီးဖြူသီးနဲ့ ချဉ်ငံစပ်လေး ချက်ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးလေးသားပေါက် - 500g
  • ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ထောင်းထားသော ကြက်သွန်နီ - အနေတော် တခြမ်း
  • ထောင်းထားသော ချင်း - လက်တဆစ်ခန့်
  • ငရုတ်သီး အရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဇီးဖြူသီး  - အလုံးကြီးကြီး ၅လုံး
  • ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ပင်စိမ်းရွက် - လက်ဆုပ်စာ

ငါးအရသာနယ်ရန်

  • ငါးလေးသားပေါက်များကို ဗိုက်ထဲမှ မလိုတာတွေ ဖယ်ပေးပါ
  • ပြီးတာနဲ့ ငါးများကို ရေစင်အောင် ဆေးပေးပါ
  • သန့်စင်ပြီး ရေစင်အောင်ဆေးထားသော ငါးသံချိတ်များကို ဇလုံကျယ်ကျယ်ထဲ ထည့်ပေးပါ
  • ဆား ငံပြာရည် နနွင်းမှုန့်အရသာမှုန့်တို့ထည့်ပေးပြီး အရသာဝင်စေရန် ငါးကိုဆုတ်ပြီးနယ်ပေးပါ

ဟင်းချက်ရန်

  • ငါးအရသာနယ်ပြီးသားကို ပြင်ထားပါ
  • ကြက်သွန်အဖြူ အနီ ချင်း ငရုတ်သီးမှုန့်တို့ကို အဆင်သက့် ပြင်ထားပါ
  • ပင်စိမ်းရွက်ကို ရေဆေးထားပါ
  • ဇီးဖြူသီးကို အနေတော် ခပ်ပါးပါး လှီးထားပေးပါ

  • အရင်ဆုံးဆီကို ပူအောင်တည်ပေးပါ
  • ဆီပူလာပါက ထောင်းထားသော ချင်း ကြက်သွန်ဖြူ နီနှင့် ငရုတ်သီးမှုန့်တို့ကို တမိနစ်လောက် မွှေးလာတဲ့ထိထည့်မွှေပါ
  • ဆီသတ်နံ့မွှေးလာတာနဲ့ အရသာနယ်ထားတဲ့ ငါးကိုထဲ့ပြီး ငါးအသားများ မာလာတဲ့ထိ အိုးကိုလှုပ်ပေးပါ
  • ငါးအသားမာတာနဲ့ ဇီးဖြူသီးနှင့် ရေမြုပ်အောင်ထည့်၍ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေဆူလာတာနဲ့ဟင်းအိုးဆီမပြန်ခင် ပင်စိမ်းရွက်များ အုပ်ပေးကာ ဆီပြန်ပြီး အိုးကပ်လာတဲ့အထိ တည်ပေးပါ
  • ဆီပြန်ကာ အိုးကပ်လာပါက အရသာမြည်းပြီး လိုသလိုပြင်ပေးပါ ချဉ်ငံစပ် အရသာကောင်းတဲ့ ငါးသားလေး အိုးကပ်ဆီပြန်ဟင်း မွှေးမွှေးလေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment