Tuesday 15 November 2016

ကြက်သားကင်








ဘာချက်စားရင်ကောင်းမလည်း စဉ်းစားမိတိုင်း ကြက်သားထဲက ရုန်းမထွက်နိုင်သေးသ၍တော့ ချင်လိုက် ကင်လိုက် ကြော်လိုက်ပါဘဲ ဒီနေ့တော့ ထမင်းပူပူလေးနဲ့ စားရအောင် ကြက်ပေါင်သား ကင်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်သား  - ၄ခု
  • ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း ၂ဇွန်း
  • အုန်းနို့ - ထမင်းစားဇွန်း ၃ဇွန်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား - လက်ဖက်ရည်ဇွန်း တဇွန်း
  • သစ်ရွက်ဆီ - ထမင်းစားဇွန်း တဇွန်း
  • သံလွင်ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း (သံလွင်ဆီမရှိက တခြားဆီသုံးနိုင်ပါတယ်)
  • ready made ရမ်းချဉ်သီးဆော့ - ထမင်းစားဇွန်း ၄ဇွန်းမောက်မောက်

ပြင်ဆင်ပုံ
  1. ကြက်ရင်ပုံသားကို ရေဆေးပြီး ပုံပါအတိုင်း တုံးပေးပါ
  2. တုံးထားသော ကြက်သားကို ပဲငံပြာရည် အုန်းနို့ ငရုတ်ကောင်းမှုန့် သကြား ခရမ်းချဉ်သီးဆော့  သံလွင်ဆီ အနှစ်တို့နှင့်ရောနယ်ကာ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၅နာရီလောက် နှပ်ထားပေးပါ
  3. အသားအကင်အိုးကို အပူပေးပြီး ဆီအနည်းငယ် သုတ်ပေးပါ
  4. အကင်အိုးမရှိပါက အောက်ခြေထူပြီး မကပ်သော ဒယ်အိုးတလုံးကို အသုံးပြုပြီး ကင်ပေးပါ
  5. ဆီပူလာတာနဲ့ အရသာနယ်ပြီး နှပ်ထားသော ကြက်သားကို အကင်အိုးထဲမှာ ဖြန့်ထည့်ပြီး အရသာဝင်အောင် နယ်ထားသော အရသာ အနှစ်များပါ ထည့်ပေးပြီး ကင်ပေးပါ
  6. ကြက်သားကို ၃မိနစ်လောက် အပူပေးပြီး ကြက်သား အပေါ်ယံကို ဆီအနည်းငယ် သုတ်ပေးကာ တဖက်ကို လှည့်ပေးပြီး ကင်ပါ
  7. နောက်တဖက်ကိုလဲ ၃မိနစ်လောက်ကင်ပေးပြီး အရသာ အနှစ်များ ခမ်းလာပြီး ကြက်သားကင် ကျက်လာပြီဆိုရင် ကြက်သားကင် မွှေးမွှေးလေး ရပါပြီ။

No comments:

Post a Comment