Tuesday 13 January 2015

ခရမ်းချဉ်သီး ကြက်ဥမွှေကြော်




ဟင်းချက်ရန် လိုအပ်သော ကြက်ဥနှင့်ခရမ်းချဉ်သီး



ဟင်းချက်ရန် အဆင်သင့်ပြင်ထားပေးပါ


မာမာ့ ဘလော့လေးဆီ မလာဖြစ်တာ တော်တော်ကြာသွားခဲ့ပြီ ဟင်းတွေချက်ဖြစ်ပေမဲ့ မတင်ဖြစ်ခဲ့တာပါ စာရေးဖို့မအားတာက တစ်ကြောင်း လက်နာနေတာက တစ်ကြောင်းမို့လို့ ဒီနေ့မှ ကိုယ့်အိမ်လေးဆီ ကိုယ်ပြန်လာလည်ဖြစ်ပါတော့တယ်။

ဒီနေ့တော့ ကြက်ဥခရမ်းချဉ်သီး မွှေကြော်လေး ကြော်ဖြစ်ခဲ့ပါတယ် ကြော်ရတာ လွယ်ကူသလောက်  စားရတာတော့ အင်မတန်ကောင်းပါတယ် မာမာ့သားနဲ့ သမီးလေးတို့ အကြိုက်မို့လို့ မကြာမကြာ ကြော်ဖြစ်ခဲ့တဲ့ ဟင်းတစ်မယ်ဆိုရင်လဲ မမှားပါဘူးရှင်။

ကြက်ဥနဲ့ ခရမ်းချဉ်သီး မွှေကြော်ကြော်တဲ့အခါ ကိုင်းခရမ်းချဉ်သီးနဲ့ ကြော်တာက ပိုပြီးတော့ စားလို့ကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဥ - ငါးလုံး
  2. ခရမ်းချဉ်သီး -  အလုံးကြီးကြီး သုံးလုံး
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ကြက်ဥနှင့် ဆား အရသာမှုန့်တို့ထည့်ပြီး ခလောက်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီနှင့်နနွင်းမှုန့် ထည့်ပေးပါ
  • ဆီကျက်သွားပါက ကြက်သွန်နီကို နွမ်းအောင်ကြော်လိုက်ပါ
  • ကြက်သွန်နီ နွမ်းတာနဲ့ခရမ်းချဉ်သီးကို ထည့်မွှေကာ ကျေသွားတဲ့အထိ ကြော်ပေးပါ
  • ခရမ်းချဉ်သီးများ ကျေသွားပါက ခလောက်ထားသော ကြက်ဥမွှေကို ထည့်ကြော်ပေးပါ
  • ကြက်ဥနှင့်ခရမ်းချဉ်သီးများ မွှေပြီးကြော်နေရင်းမှ ခဲပြီးကျက်လာလျှင် အရသာမြည်းပြီး သုံဆောင်နိုင်ပါပြီ
  • ချဉ်ဖြုံ့ဖြုံ့ စိမ့်စိမ့်လေးနဲ့ စားလို့အရမ်းကောင်းတဲ့ ကြက်ဥမွှေကြော် ဟင်းတစ်မယ် ရပါပြီ။

No comments:

Post a Comment