Sunday 12 August 2012

ပြည်ကြီးငါး သီးစုံအချိုကြော်

ကင်းမွန်သီးရွက်စုံအစိမ်းကြော်
ဒီနေ့တော့ ကင်းမွန်သီးရွက်စုံ အစိမ်းကြော်လေး ကြော်ပါတယ် ကြက်သားတွေချည်း ချက်နေရတာ ပျင်းလာလို့ဒီနေ့တော့ ကင်းမွန်ဖက် လှည့်လိုက်ပါအုံးမယ်။

မြန်မာပြည်မှာတော့ အရမ်းဈေးချိုပြီး စားရတာ တန်လွန်းတဲ့ ကင်းမွန်လေးတွေပါ ဒီမှာတော့ တစ်ကီလိုကို $9.45 လောက်ပေးရပါတယ်။

ဈေးများပြီး မတန်ဘူးလို့ထင်လို့ မစားဖြစ်တာရယ် မာမာတို့အိမ်မှာ နှစ်ယောက်လောက်ဘဲ စားတာမို့လို့ မချက်ဖြစ်တာလဲပါ ပါတယ်   မြန်မာပြည်မှာဆိုရင်တော့ သူ့ဈေးနဲ့သူ ချိုပြီးသားမို့ သူငယ်ချင်းများတဲ့ မာမာက သူငယ်ချင်းတွေနဲ့အတူ တစ်မျိုးပြီး တစ်မျိုး မရိုးရအောင် ချက်စားဖြစ်ပါတယ်။

အဲဒီကင်းမွန်လေးတွေကို အစာလေးသွပ်လိုက် အစပ်လေးချက်လိုက် အကင်လေးလုပ်လိုက် အချိုလေးကြော်လိုက်ပေါ့နော် ဒီနေ့တော့ မာမာက ခရုဆီလေးထဲ့ပြီး အချိုလေးကြော်ထားပါတယ်။

လေးယောက်ညမနက်စာ
ပါဝင်ပစ္စည်းများ

  1. ကင်းမွန် - သုံးဆယ့်ငါးကျပ်သား
  2. ကြိုက်နှစ်သက်ရာသီးရွက်စုံ - မိမိနှစ်သက်သလောက် သုံးပါ
  3. ကြက်သွန်နီ - တစ်ခြမ်း
  4. ဆီ - ထမ်းစားဇွန်း လေးဇွန်း
  5. ကြက်ဥ - တစ်လုံး
  6. ခရုဆီ - ထမင်းစားဇွန်း တစ်ဝက်
  7. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ကင်းမွန်
သီးရွက်စုံ
ခရုဆီ ကြက်သားမှုန့် ငံပြာရည် ကြက်ဥမွှေ
ဆီပူပူထဲမှာကင်းမွန်ကိုအရင်နှစ်မိနစ်လာက်ကြော်ပါတယ်
 ပြီးမှကြက်သွန်နီကိုမိနစ်ဝက်လောက်ထဲ့ကြော်ပေးပါတယ်
ကြက်သွန်နီအနည်းငယ်နွမ်းလောက်ပါကဘရိုကိုလီနှင့်
ပန်းဂေါ်ဖီကိုမိနစ်ဝက်လောက်ကြော်ပေးပါတယ်
အရင်ကြော်ပြီးသားများကိုဘေးသို့တွန်းပေးပြီးကြက်ဥမွှေကိုအလယ်
သို့လာင်းထဲ့ပေးပါတယ် ကြက်ဥသားမာလာမှရောမွှေပေးပါတယ်
မိနစ်ဝက်လောက်ကြော်ပြီးပါကပြီးမုံလာဥနီ ငံပြာရည် ဟင်းချိုမှုန့်နှင့်
ခရုဆီကိုထဲ့ကာတစ်မိနစ်လောက်ကြော်ပေးပါတယ်
နောက်ဆုံးမှရွှေပဲသီးနှင့်ကြက်သွန်မိတ်ကိုထဲ့ကာမိနစ်ဝက်လောက်
ကြော်ပေးပြီးအပေါ့အငံမြည်းပြီးမီးပိတ်ပေးပါတယ်
ကင်းမွန်အစိမ်းကြော်လေးရပါပြီ
အရသာရှိစွာသုံးဆောင်နိုင်ဖို့ကင်းမွန်သီးရွက်စုံ
အစိမ်းကြော်လေးရပါပြီ

8 comments:

  1. ကင်းမွန်သီးရွက်စုံ အစိမ်းကြောင် ဟင်းတစ်ခွက်ရသွားပြီ မာမာရေ ကျေးဇူးနော်။
    နေ့လည်စာအတွက် ငှက်ပျောပေါင်းချိုချိုမွှေးမွှေးလေး အားပေးသွားတယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. အားပေးသွားတဲ့အတွက်ကျေးဇူးပါ တီတင့်ရေ


      လေးစားခင်မင်လျှက်
      မာမာ

      Delete
  2. ကင်းမွန်သီးရွက်စုံအစိမ်းကြော်အားပေးသွားတယ်မမမာရေသီတာလည်းနောက်နေ့ကြော်အုန်းမယ်ဘာချက်ရမလဲလို့မမမာblogဆီကအကြံတွေရလို့လည်းကျေးဇူးအများကြီးတင်တယ် သီတာ

    ReplyDelete
    Replies
    1. သီတာရေ
      မာမာ့ဆီကအကြံလေးတွေရလို့
      အဆင်ပြေနေတယ်ကြားရလို့
      မာမာအရမ်းကိုဝမ်းသာနေမိပါတယ်
      လာလည်တဲ့အတွက်လေဲကျးဇူးလဲတင်ပါတယ်နော်

      Delete
  3. မာမာ့ဆီကအကြံလေးတွေရလို့အဆင်ပြေနေတယ်ဆိုရင်
    မာမာအရမ်းဝမ်းသာပါတယ်သီတာရေ။

    ReplyDelete
  4. စားသွားပြီ မမမာရေ

    ReplyDelete
  5. ကင်းမွန် ကြိုက်မှကြိုက်... ရှလွတ် ရှလွတ်

    ReplyDelete