Wednesday 1 August 2012

ငရုတ်ကောင်း ကြက်သားလုံးကြော်

ငရုတ်ကောင်းကြက်သားလုံးဒုတ်ထိုး
ငရုတ်ကောင်းကြက်သားလုံး ဒုတ်ထိုးလေးပါ အခုရက်ထဲအလုပ်နဲနဲများနေလို့ ဟင်းကိုကရောသောပါးချက်ပြီး ပုံကိုမြန်မြန်တင် ပြီးရင်လုပ်စရာရှိတာလေးဆက်လုပ်နဲ့ တော်တော်လေးပင်ပန်းနေပါတယ် ဟင်းချက်ရင်းရေးတဲ့ ဟိုရောက်ဒီရောက်စာလေးတွေလဲ ကောင်းကောင်းမရေးနိုင်ဘူးဖြစ်နေပါတယ် ဒီနေ့တော့ ကလေးတွေအကြိုက် ကြက်သားလုံဒုတ်ထိုးလေး လုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံသား - 700 g
  • ဂျုံ - 2 tablespoons
  • ပြောင်းဖူးမှုန့် - 1 tablespoon
  • ဆား - 1/2 teaspoon
  • သကြား - 1 teaspoon
  • ငရုတ်ကောင်းထောင်းပြီးသား - 1/3 teaspoon
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး နှစ်လုံး

ကြက်ရင်ပုံသားကိုနုတ်နုတ်စဉ်းပြီးဆား ငရုတ်ကောင်းမှုန့်
 သကြား ဂျုံမှုန့် ပြောင်းဖူးမှုန့်တို့နဲ့ရောနယ်ပေးပါတယ်
နယ်ပြီးလျှင်မိနစ်နှစ်ဆယ်လောက်နှပ်ထားပေးပါတယ်
ပြီးလျှင်အနေတော်အလုံးလေးများလုံးပြီးကြော်ပေးပါတယ်
ကျက်သွားလျှင်ဆယ်ပေးပြီးဆီစစ်ထားပေးပါတယ်
ဆီစစ်သွားလျှင်ဒုတ်ချောင်းလေးများနှင့်ထိုးကာ
ကြိုက်နှစ်သက်သောအချဉ်နှင့်တွဲဖက်၍သုံးဆောင်နိုင်ပါပြီ

13 comments:

  1. အစ်မက အချိန်မှန်ဘဲနော်.. အရမ်း တာဝန်ကျေပါတယ်..။ ကြက်သားလုံးလေး အားပေးသွားတယ်။

    ReplyDelete
  2. ကျေးဇူးပါဘဲ Moe Myanmar ရေ
    အခုရက်ထဲအလုပ်နဲနဲများနေလို့ ကရောသောပါးတွေတော့ဖြစ်နေတယ်
    ဒါပေမဲ့ အားပေးတဲ့အကြောင်းရေးရေးသွားတော့
    ပင်ပန်းတာတွေပျောက်ပြီးအရမ်းဘဲပျော်နေပါတယ်။

    ReplyDelete
  3. ချီးကျူးတယ်မမမာရေစားသွားပါတယ် သီတာ

    ReplyDelete
    Replies
    1. အချိန်မှန်လာတတ်တဲ့သီတာ့ကိုလဲ မမမာကကျေးဇူးတင်ကြောင်းပြောချင်ပါတယ်
      ကျေးဇူးပါသီတာ။

      Delete
  4. စားလိုက်ရရင်တော့ ပန်းကန်ထဲကအကုန်ပြောင်မှာ သေချာတယ် :P

    ReplyDelete
    Replies
    1. zuzu ရေ
      ဆီစစ်ထားတာလေးတွေရှိသေးတယ်
      စားသွားနော် အားမနာနဲ့:)

      Delete
  5. I like ur blog and every i visit to ur blog.
    Thanks for sharing .

    ReplyDelete
  6. တီတီမာရေ.. သမီးမနက်ဖန်ကျရင် လုပ်ကြည့်မယ်... တီတီမာ့နည်းလေးအတိုင်း...

    ReplyDelete
    Replies
    1. ကောင်းတယ်သိလား မြန်မာပြည်မှာဆိုရင်တော့ကိုရီးယားဒုတ်ထိုးအရသာလေးလိုပေါ့နော်

      Delete
  7. ရှယ်ပဲ မမမာရေ

    ReplyDelete
    Replies
    1. ကျေးကျေးပါနော် စု

      Delete
  8. Laing like tar sis yae

    ReplyDelete
  9. Kaung like tar sis yae

    ReplyDelete