Friday 17 August 2012

ကြက်သား ထမင်းကြော်

ကြက်ရင်ပုံသားထမင်းကြော်
ဒီရက်ထဲမှာ ထမင်းကြော်လေးဘဲ စားချင်နေလို့ ခနခနကြော်ဖြစ်နေပါတယ် ကြက်ရင်ပုံသားလေးနဲ့ ကြော်လိုက်တဲ့ ထမင်းကြော်လေးပါ တစ်ခါတစ်ခါလဲ စိတ်ကူးရရင်ရသလို ချက်ခြင်းထချက်တတ်တဲ့ အကျင့်ကပါနေတော့ စားချင်လာပြီဆို ချက်ချင်းဘဲထကြော်လိုက်ပါတယ်။

ဆီလေးနဲနဲလျှော့ထဲ့ပြီး ကြော်ထားလို့ မာကျစ်ကျစ်လေးနဲ့ စားရတာကောင်းတဲ့ ထမင်းကြော်လေး
ကြော်ပြီဆိုရင် တစ်ခြားဟင်းအမယ်တွေလဲ မလိုတော့တာမို့ ငွေကုန်လဲတော်တော် သက်သာပါတယ် မာမာတို့အိမ်မှာတော့ ထမင်းကြော်ကို အသားအများကြီးမပါလဲ ကြိုက်ကြပြီး အရသာရှိစွာ စားသုံးနိုင်တာမို့ မိသားစု အားလုံးကြိုက်တဲ့အတွက် ခနခနကြော်ဖြစ်ပါတယ်။

အသားများများထဲ့ရင် ပိုကောင်းပေမဲ့ မာမာ့ကလေးတွေက ပါတဲ့အသားတောင် ဖယ်ပြီးစားကြတာမို့ အသားနဲနဲနဲ့ဘဲ ကြော်ထားပါတယ် မာမာကြော်ထားတဲ့နည်းလေယ မျှဝေလိုက်ပါတယ်။

လေးယောက်စာအတွက်ပါ

ထမင်း - ပေါင်းအိုးဆန်ချင်ဗူး သုံးဗူးချက်
ကြက်ရင်ပုံသား - လက်ဖက်ရည်ပန်းကန် တလုံးစာ(ခပ်ပါးပါးလှီးပေးပါ)
မုံလာဥနီ -လက်ဖက်ရည်ပန်းကန် တလုံးစာ
ကြက်သွန်နီ - တစ်ခြမ်း
ပဲစိမ်းသီး - လက်ဖက်ရည်ပန်းကန် တလုံး(မကြော်မီရေဆူဆူထဲဆားထဲ့ကာသုံးမိနစ်လောက်ပြုပ်ပေးပါ)
ကြက်ဥ - တလုံး
ဆား - လက်ဖက်ရည်ဇွန်း တဇွန်းမရှိတရှိ
ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
ဆီ - ထင်းစားဇွန်း သုံးဇွန်း
နနွင်းမှုန့် -လက်ဖက်ရည်ဇွန်း လေးပုံတပုံ

ကြက်ရင်ပုံသားခပ်ပါးပါးလှီးနှင့်အတူ လိုအပ်တာလေးများပါ
ဆီပူပူထဲကိုနနွင်းမှုန့်အရင်ထဲ့ပြီးမှကြက်ရင်ပုံသားကိုနှစ်မိနစ်လောက်
ကြော်၍ကြက်သွန်နီကိုမိနစ်ဝက်လောက်ထဲ့ကြော်ပေးပါ
ကြက်သွန်နီနဲနဲနွမ်းမှမုံလာဥနီနှင့်ပဲစိမ်းကို ထဲ့ကြော်ပေးပါ
ကြက်ဥကိုအလုံးလိုက်ဖောက်ထဲ့ပေးပြီးရောမွှေကာ
မိနစ်ဝက်လောက်ကြော်ပေးပါ
အားလုံးကျက်သွားပါကထမင်း ဆားနှင့်ဟင်းချိုမှုန့်တို့ကိုထဲ့ကြော်
ပေးပါ
အားလုံးရောမွှေပြီးနှစ်မိနစ်လောက် ကြော်ပေးလျှင်ရပါပြီ
ကြက်ရင်ပုံသားထမင်းကြော် မွှေးမွှေးလေးရပါပြီ

9 comments:

  1. ဗိုက်ဆာနေတာနဲ့အတော်ပဲ အမရေ... စားသွားတယ်နော်.. :P

    ReplyDelete
    Replies
    1. စားပါနော် Baby Angle ရေ

      Delete
  2. မရိုးနိုင်တဲ့ အစားအစာထဲမှာ ထမင်းကြော်လဲ ပါတယ်..။

    ReplyDelete
    Replies
    1. နေ့တိုင်းစားရလဲစားနိုင်တဲ့ထမင်းကြော်လေးမို့
      မကြာမကြာကြော်ဖြစ်ပါတယ် အားပေးလို့ကျေးဇူးပါနော် :))

      Delete
  3. တန်ပူရာပုစွန်ကြော်ကို တီတင့်လည်း မကြာခနလုပ်စားလေ့ရှိတယ်မာမာရေ။
    စိတ်ရှည်စွာနဲ့ စားချင်စဖွယ် ကြော်ထားတဲ့ ကြက်ရင်ဘုံသားထမင်းကြော်လေးလည်းအားပေးသွားတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. လာလည်ပြီးအားပေးတဲ့တီတင့်ကိုလဲမာမာကကျေးဇူးအများကြီးတင်ပါတယ်နော်
      ထမင်းကြော်လေးလဲအားပေးသွားလို့ပျော်နေပါတယ်တီတင့်ရယ်

      လေးစားခင်မင်လျှက်
      မာမာ

      Delete
  4. သီတာလည်းမမမာလိုဘဲညကြီးလည်းထကြော်တာဘဲ ငပိထောင်း ကြက်ဥ ပဲပြုပ် ရှိတာထည့်ကြော်တာဘဲ ပိာုတနေ့ကညကြီးငပိထောင်းနဲ့အကြော်ကောင်းလို့တအိမ်လုံးနံစော်နေရော ပာားပာား ခင်မင်လျှက် သီတာ

    ReplyDelete
    Replies
    1. မမမာနဲ့အရမ်းတူတယ်သီတာရေ
      စားချင်လာပြီဆိုတားမရတော့ဘူးလေ :)

      Delete
  5. nice job. keep it up!

    Also visit my website: canapé d'angle

    ReplyDelete