Friday 10 August 2012

ပုဇွန် မျှစ်အချိုကြော်

ပုဇွန်မျှစ်အချိုကြော်လေးပါ
 မာမာဒီနေ့ ပုဇွန်နဲ့မျှစ်ကို အချိုလေး ကြော်ထားပါတယ် မာမာ့သမီးလေးက မေမေဒီနေ့ ဘာချက်လဲလို့ မေးပါတယ် ပုဇွန်နဲ့မျှစ်ကြော်တယ်လို့ ပြောလိုက်တော့ မျှစ်ကြိုက်တဲ့ မာမာ့ကို သမီးလေးက ပြောပါတယ် မေမေကဝက်ဝံကြီး ကျနေတာဘဲတဲ့  ပြီးတော့မှ ပန်ဒါလေးကျနေတာဘဲလို့ ချစ်စနိုးလေးနဲ့ ပြန်ပြောပါတယ်။

သူတို့အမေက မျှစ်ကို ခနခန ကြော်လိုက် ချက်လိုက် ပြုပ်လိုက် လုပ်ပြီးစားတတ်သူဆိုတော့ သူပြောလဲပြောချင်စရာ ဖြစ်နေပြီနဲ့ တူပါတယ်။

မာမာကလဲ မာမာပါဘဲ မျှစ်ဆိုလာထားဘဲလေ နေရာမရွေး အချိန်မရွေး စားတတ်တဲ့သူကိုး မျှစ်ကြော်တဲ့နေ့ဆို ထမင်းစားလို့ အရမ်းမြိန်ပါတယ်။

ကိုယ်ကဘဲ မျှစ်ဆိုရင် ကြိုက်နေလို့လား မသိဘူးပေါ့နော် မာမာ့လိုဘဲ မျှစ်ကြိုက်လို့ ပုဇွန်လေးနဲ့ ကြော်စားချင်ကြတယ်ဆိုရင်တော့ မာမာပြင်ဆင်ထားနဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ ( လေးယောက် မနက်ညစာ)

  1. မျှစ် - ငါးဆယ်သား
  2. ပုဇွန်ထုပ် - နှစ်ဆယ်သား (ပြုပ်ပြီးအခွံခွာထားပါတယ်)
  3. ကြက်သွန်နီ - တစ်ခြမ်း (ပါးပါးလှီးပါတယ်)
  4. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. နနွင်းမှုန့် -လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

မျှစ်
ကြက်သွန်နီပါးပါးလှီးနှင့်ပုဇွန်
ဆီပူပူမှာနနွင်းမှုန့်ကိုအရင်ထဲ့ပြီးကြက်သွန်နီကိုထဲ့ပြီး
မိနစ်ဝက်လောက်ဆီသတ်ပေးပါတယ် ကြက်သွန်နီနွမ်းသွားမှ
ပုဇွန်ကိုတစ်မိနစ်လောက်ထဲ့ကြော်ပေးပါတယ်
ပုဇွန်နှင့်ကြက်သွန်များဆီသတ်မိသွားလျှင် မျှစ် ဆားနှင့်ဟင်းချိုမှုန့်ကို
ထဲ့ပြီးလေးမိနစ်လောက်ကြော်ပေးပါတယ်
လေးမိနစ်လောက်ကြော်ပြီးပါကအပေါ့အငံမြည်းပြီးမီးပိတ်ပေးပါတယ်
ပုဇွန်မျှစ်ကြော်ချိုချိုလေးရပါပြီ

3 comments:

  1. ဒါမျိုးလေး မစားဖူးသေးဘူး.. ကြော်စားကြည့်ဦးမယ်..
    မိုးမြန်မာ

    ReplyDelete
    Replies
    1. ကောင်းတယ် Moe Myanmar ရေ
      အမကတော့မျှစ်ကြိုက်လို့လားမသိဘူး အုလိုကြော်တာလေးကိုလဲကြိုက်တယ်

      Delete
  2. ကြားတောင်မကြားဖူးဘူး၊ချက်စားကြည့်လိုက်ဦးမယ်..........

    ReplyDelete