Wednesday 29 August 2012

ကြက်သားထောင်းကြော် မွမွစပ်စပ်လေး

Add caption
မာမာ ဒီနေ့တော့ကြက်သားထောင်း အစပ်လေးကြော်ထားပါတယ် မိုးလေအေးအေးမှာ စပ်စပ်လေးစားချင်စိတ်ပေါ်လာတာနဲ့ ကြော်လိုက်တာပါ အသားအတုံးလိုက်ကြီးလဲမစားချင်တာနဲ့ ထုထောင်းပြီးကြော်ထားပါတယ် ငရုတ်သီးစပ်စပ်လေးနဲဆိုတော့ တော်တော်လေးစားကောင်းပါတယ် ကလေးတွေကထမင်းနဲ့စားကြပေမဲ့ မာမာကရေနွေးကြမ်းလေးနဲ့သောက်ပါတယ် ကလေးလူကြီးနှစ်သက်မဲ့အစာလေးတစ်မျိုးပေါ့နော် စပ်စပ်လေးကြိုက်တယ်ဆိုရင်တော့ မာမာနဲ့အတူတူကြော်စားကြရအောင်ပါနော်
လေးယောက်စာ
ကြက်သားအရသာနယ်ရန်
  • ကြက်ပေါင်ရင်းသား -  သုံးဆယ်သား
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • နနွင်းမှုန့်  - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ကြက်သားအရသာနယ်ကြော်ရန်
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံး
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်းလေးပုံတစ်ပုံ
ကြက်သားထောင်းကြော်ရန်
  • ကြက်သား 
  • ငရုတ်သီးအကြမ်းမှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  • ဟင်းချိုမှုန့်  - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်သွန်နီ - တစ်လုံး (ပါးပါးလှီးပါ)
  • ကြက်သွန်ဖြူ - အမွှာကြီးကြီးငါးမွှာ (အကွင်းလေးများလှီးပါ)
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ဆီ - ထမင်းစားဇွန်း - ၇ဇွန်း (ကြက်သားကြော်ပြီးသားဆီကိုဘဲပြန်သုံးလျှင်ရပါတယ်)
မီးအနေတော်နှင့်အပူပေးထားသောဆီပူပူမှာကြက်သားကိုထဲ့ကြော်ပေးပါ အရမ်းကျွတ်မသွားခင်ဆယ်ပြီးဆီစစ်ပေးပါ
ဆီစစ်ပြီးအေးသွားပါကငရုတ်ဆုံထဲတွင်တစ်ခုချင်းထဲ့ပြီးကြက်သားတုံးလေးများပြားသွားတဲ့အထိထောင်းပေးပါ
ငရုတ်သီးအကြမ်းမှုန့် ကြက်သွန်နီ ကြက်သွန်ဖြူ
ဆီပူပူထဲမှာနနွင်းမှုန့်အရင်ဆုံးထဲ့ပြီးကြက်သွန်ကိုနွမ်းသွားတဲ့ထိကြော်ပြီးမှငရုတ်သီးမှုန့်ကိုထဲ့ကြော်ပေးပါ
ငရုတ်သီးနံ့မွှေးလာလျှင်ကြက်သားထောင်း ငံပြာရည်နှင့်ဟင်းခတ်မှုန့်ကိုတစ်ခါထဲထဲ့ပြီးမွှေကြော် ကြော်ပေးပါ
ငံပြာရည်နံ့သင်းလာပြီးကြက်သားမျာကျွတ်ရွလာလျှင်မီးပိတ်နိုင်ပါပြီ
ကြက်သားထောင်းကြော် မွမွစပ်စပ်လေးရပါပြီ

11 comments:

  1. ကြိုက်တယ်အမရေ.. ရှလွတ်... :P

    ReplyDelete
  2. နောက်ထပ် ဟင်းချက်နည်းလေး ထပ်ရပြန်ပြီ.. ကျေးဇူးအစ်မ.. ^.^

    ReplyDelete
    Replies
    1. အမက လာလည်တဲ့အတွက်ပျော်နေပါတယ် :)

      Delete
  3. အိုင်အိုရာ့ စီမှာအသစ်တက်လာတဲ့ ခေါင်းစဉ် က ပဲကြော်လို့ တက်နေတယ်။
    လာကြည့်တော့ကြက်သားထောင်းကြော်။
    အို..ဘာဘဲဖြစ်ဖြစ် စားသွားပြီနော်။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. အိုင်အိုရာရေ မမမာ မှားနှိပ်မိလို့ပြန်ဖျက်လိုက်တာပါ sorry ပါနော်
      မိုးလင်းတာနဲ့ ပထဦးဆုံးကိုယ့်ဝေယာဝစ္စတွေအရင်လုပ်ပြီး မီးဖိုဆောင်ဝင် ချက်ပြုပ်နေတုံးအလုပ်သွားကျေင်းသွားမဲ့သူတွေအတွက် စားဖို့သောက်ဖို့လုပ်
      ချက်ပြုပ်ပြီးဘုရားဆွမ်းတော်ကပ်ပြီးတော့ ကလေးကျောင်းပြေးပို့ ကလေးပို့ပြီးပြန်လာတော့အလုပ်သွားမဲ့အဖေအတွက်ထမင်းဗူးပြင် ထမင်းဗူးပြင်ပြီးblog အတွက်ပြင်ရဆင်ရနဲ့ တစ်နေ့တာအလုပ်ကမပြီးနိုင်ဘူးလေ အမလေး မောလိုက်တာ အိုင်အိုရာလေးရယ် အဲဒီပဲကြော်လေးကိုတင်မယ်လုပ်နေတုံး ဖုန်းကမြည် အိမ်ရှေ့ကခေါ်နဲ့စာတွေမပြည့်စုံသေးဘဲနှိပ်လိုက်မိတယ်လေ အဲဒါနဲ့ပြန်ပြီးကြည့်လိုက်တော့ ဘာကိုနှိပ်မိတယ်မသိပါဘူးကွယ် ပုံတွေကကမောက်ကမတွေထွက်လာတာနဲ့ ဖျက်လိုက်ရတယ်လေ :)အသက်ကြီးပြီကွယ် မကောင်းတော့ဘူး :((

      Delete
    2. မမာ..
      နားလိုက်းပါအုန်း။ ကြက်ဥအစိမ်းကြော်လေးထပ်စားသွားပြီ။ ဒီလောက်အလုပ်များတာတောင်ထပ်တင်ပေးသေးတယ်နော်။
      သိပ်ချစ်ဘို့ ကောင်း။
      အိုင်အိုရာလည်းအသက်ကြီးပြီ။တစ်ချိန်လုံးမေ့နေလို့ စာနဲ့ မှတ်နေရတယ်။း))

      Delete
  4. အစ်မရေ.. ကျွန်မဆီမှာလဲ ပဲကြော်လို့ ပေါ်နေတာ.. အမောဖြေပါတော့ အစ်မရေ.. ဒို့အစ်မ သနားပါတယ်..။

    ReplyDelete
    Replies
    1. ရီရတယ် ညီမလေးရေ
      ကိုယ့် blog လေးက နေ့စဉ်ဟင်းလေးတွေဆိုတာ့ ထူးတော့မထူးဆန်းပါဘူး
      ဒါပေမဲ့ နေ့စဉ်လာတဲ့မိတ်ဆွေတွေကိုဧည့်ဝတ်မပျက်ချင်ဘူးလေ
      ညကတစ်ညလုံးအိမ်နီးနားချင်းတွေသောင်းကျန်းကြတယ် ဆိုးချက်တွေကလွန်ပါရော :((
      အိပ်ရေးတွေပျက်ပြီးအိပ်ယာထနောက်ကျတာကစခဲ့တာလေ
      လောလေ မှားလေပါဘဲ sorry ပါညီမလေးရယ် :)

      Delete
  5. အရမ်းကြိုက်တယ် မမမာရေ စုလဲတူတူပဲ တနေ့တနေ့ အားကိုမအားရဘူး :(

    ReplyDelete
    Replies
    1. မိန်းမ မိန်းမ မိန်းမဆိုတာ ဘာလဲဗျ
      တစ်နေ့တစ်နေ့ ချက်လိုက်ပြုပ်လိုက် လျှော်လိုက်ဖွတ်လိုက်ပေါ့နော် :(

      Delete