Tuesday 28 August 2012

ပဲသုပ်

ပဲသုပ်စပ်စပ်လေး












မာမာ ဒီနေ့တော့ သားသတ်လွတ် ပဲလေးပြုပ်ပြီး သုပ်ထားပါတယ် ပဲနှစ်သက်သူတွေအတွက် အဆင်ပြေတဲ့ ဟင်းသုပ်လေးပါ  ဒါကြောင့်မို့လို့ ဝါတွင်းကာလ သတ်သတ်လွတ် စားရင်လဲ အဆင်ပြေတဲ့အတွက် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ (လေးယောက်စာ)
  1. ပဲနီပြား - တစ်ထုတ်
  2. ဆားအနု - လက်ဖက်ရည်ဇွန်း တစ်ဝက် (အသုပ်ထဲထည့်ရန်)
  3. ဆားအကြမ်း - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သွန်ဆေးရန်)
  4. နှမ်းလှော် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  5. နံနံပင် - မိမိနှစ်သက်သလောက်
  6. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  7. ကြက်သွန်နီ - အနေတော် တစ်လုံး
  8. အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ပဲဆီ - ထမင်းစားဇွန်း သုံးဇွန်း
ပြင်ဆင်ပုံ
  1. ပဲကို ရေမြုပ်အောင် ထည့်ပေးပြီး တစ်ညသိပ် စိမ်ထားပါ
  2. ရေစိမ်ထားတဲ့ ပဲများကို အိုးထဲထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
  3. ပဲများမနူးသေးပါက ရေထပ်ထပ်ထည့်ပြီး ပဲနူးတဲ့အထိ ပြုပ်ပေးပါ
  4. ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
  5. လှီးထားသော ကြက်သွန်နီကို ဆားအကြမ်း လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ခပ်နာနာလေး နယ်ပေးပါ
  6. ကြက်သွန်များ နွမ်းလာတာနဲ့ ရေနှစ်ထပ်လောက် ဆေးပေးထားပါ
  7. ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  8. နံနံပင်ကို အပင်လိုက် ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပေးပါ
  9. နှမ်းလှော် ကြက်သွန်နီ နံနံပင် ဆီ ငရုတ်သီးစိမ်း ဆားအနုနှင့် အရသာမှုန့်ကိုတို့ကို ပြင်ထားပါ
  10. ဇလုံတစ်လုံးထဲမှာ ပါဝင်ပစ္စည်းများထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  11. နယ်ပြီးပါက အရသာမြည်းပြီး လိုသလိုပြင်ကာ သတ်သတ်လွတ် ပဲသုပ်လေးကို မိမိနှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

4 comments:

  1. စားချင်လိုက်တာ အစ်မရေ.. ဒီနေ့ နဲနဲနောက်ကျတယ်နော်..။

    ReplyDelete
    Replies
    1. ပဲပြုပ်တာနောက်ကျသွားလို့ပါ ညီမလေးရေ
      စားပါနော် ညီမလေး Moe Myanmar .

      Delete
  2. သားသတ်လွတ်နေ့ကွက်တိပဲ မမမာ

    ReplyDelete
    Replies
    1. မမမာလဲ
      ဝါတွင်းကာလမှာ သားသားလွတ်လေးတွေချက်ဖြစ်တာများမှာပါ စုရေ

      Delete