Saturday 18 August 2012

ကြက်သားနာနတ်သီး ချိုချဉ်ကြော်


မာမာဒီနေ့တော့ ကြက်ရင်ပုံသားလေးနဲ့နာနတ်သီးကို ချိုချဉ်ကြော်လေးကြော်ထားပါတယ် ကြက်သားချည်းဘဲ မစားချင်တာနဲ့ ဟိုရောဒီရောချိုချဉ်လေးချက်လိုက်ပါတယ် ချိုချိုချဉ်ချဉ်လေးမို့ ထမင်းစားလို့အရမ်းကောင်းပါတယ် နာနတ်သီးအနံ့လေးမွှေးမွှေးလေးရတာမို့ ထမင်းစားရတာပိုဝင်ခဲ့ပါတယ် ငရုတ်သီးလေးပါထဲ့ကြော်ထားလို့ စပ်တဲ့အရသာလေးကိုလဲ နှစ်သက်ကြမယ်ထင်ပါတယ် ထမင်းမိန်မိန်သုံးဆောင်နိုင်ဖို့ မာမာချက်တဲ့ ဒီဟင်းလေးကိုလဲ အားပေးကြပါအုံးနော်။

အသားတွေဖြည်းမနှစ်သက်တဲ့သူတွေအတော့ အရမ်းကိုကောင်းတဲ့ဟင်းတစ်မယ်ပါ မာမာနဲ့အတူတူချက်ကြည့်ရအောင်နော်။

လေးယောက်တစ်နပ်စာ
ပါဝင်ရမှာလေးတွေက
  • ကြက်ရင်ပုံသား - ဆယ့်ငါးကျပ်သား(ရွယ်တူအတုံးလေးများတုံးပေးပါ)
  • နာနတ်သီး - သုံးစိတ်
  • မုံလာဥနီ - တစ်ဥ (ရွယ်တူအတုံးလေးများတုံးပေးပါ)
  • ကြက်သွန်ဖြူ - သုံးမွှာ (ဓါးပြားရိုက်ပေးပါ)
  • ကြက်သွန်နီ - အနေတော်တစ်လုံး (အကွင်းလိုက်လှီးပေးပါ)
  • ငရုတ်သီးတောင့် - သုံးတောင့်
  • ခရမ်းချဉ်သီးအနှစ် - ထမင်းစားဇွန်း သုံးဇွန်း
  • ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  • သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  • မုန့်ညှင်းဖြူ - နှစ်ရွက်
  • ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ကြက်သားအရသာနယ်ရန်
  1. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  2. ဟင်းချိုမှုန့် -လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ကြက်သားနှင့်လိုအပ်သောပစ္စည်းများ
လိုအပ်သောအသီးအရွက်များ
ဆီပူပူမှာနနွင်းအနည်းငယ်ထဲ့ပြီးငရုတ်သီးတောင့်ကို
ကြွတ်ပြီးမွှေးလာတဲ့ထိကြော်ပြီးဆယ်ထားပါ
ကြက်သားကိုငါးမိနစ်လောက်ကြော်ပေးပြီးကြက်သွန်ဖြူကိုမိနစ်ဝက်
မရှိတစ်ရှိကြော်ပေးပြီးမုံလာဥနီကိုမိနစ်ဝက်လောက်ကြော်ပေးပါ
ပြီးလျှင်ကြက်သွန်နီကိုမိနစ်ဝက်လောက်ကြော်ပေးပါ
ကြက်သွန်နီကြော်ပြီးပါကနာနတ်သီးနှင့်မုံညှင်းဖြူကို
မိနစ်ဝက်လောက်ကြော်ပေးပါ
နောက်ဆုံးကျမှငံပြာရည် ပဲငံပြာရည် ခရမ်းချဉ်သီးအနှစ်
သကြားနှင့်ငရုတ်သီးတောင့်ကြော်တို့ကိုတစ်မိနစ်လောက်ကြော်ပေးပါ
ချိုချိုချဉ်ချဉ်ကြက်ရင်ပုံသားချိုချဉ်ကြော်လေးရပါပြီ

1 comment:

  1. အရင်ဦးဆုံးစားသွားပါတယ်ချိုချိုချင်ချင်လေးနဲ့ထမင်းမြိန်လိုက်တာဂွတ်ရှယ်ဘဲမမမာရေ သီတာ

    ReplyDelete