မာမာဒီနေ့တော့ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ငံပြာရည်ကြော် စိုစိုအိအိလေး ကြော်ဖြစ်ပါတယ် ထမင်း ပူပူလေးနဲ့ နယ်ဖတ်ပြီး စားလို့ အရမ်းကောင်းပြီး ထမင်းစားလို့ မြိန်စေပါတယ်။
ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ငံပြာရည်ကြော် စိုစိုအိအိ ကြော်တဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ပုဇွန်ခြောက် - တစ်ဆယ်သား
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ကြက်သွန်နီ - ခပ်ကြီးကြီး ဆယ်လုံး
- ကြက်သွန်ဖြူ - ငါးကျပ်သား
- မျှင်ငပိ - ထမင်းစားဇွန်း တစ်ဇွန်း
- မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း သုံးဇွန်းသာခန့်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငရုတ်သီး အစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
- ငရုတ်သီးခွဲခြမ်း - ထမင်းစားဇွန်း နှစ်ဇွန်း
- ငါးငံပြာရည် - ထမင်းစားဇွန်း ဆယ်ဇွန်း
- ဆီ - ဆယ့်ငါးကျပ်သား
ပြင်ဆင်ပုံ
- ပုဇွန်ခြောက်ကို ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
- ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး မညက်တစ်ညက် ထောင်းထားပါ
- မျှင်ငပိကို ရေနည်းနည်းနဲ့ အရည်ဖျော်ထားပါ
- မန်ကျည်းမှည့်ကို ရေဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
- ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
ချက်ပြုပ်နည်း
- ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီးမှုန့် နှစ်မျိုးတို့ကို ထည့်ကြော်ပေးပါ
- ဆီသတ်နံ့ မွှေးလာပြီး ငရုတ်သီး အစိမ်းနံ့ ပျောက်ကာ အရောင်ပြောင်းလာတာနဲ့ ပုဇွန်ခြောက်မှုန့်ကို ထည့်မွှေပါ
- ပုဇွန်ခြောက်နံ့ မွှေးလာပါက အရသာမှုန့် နှင့် ရေစိမ်ထားတဲ့ မျှင်ငပိနှင့် မကျည်းအနှစ်ကို အဖတ်များဖယ်ပြီး ထည့်ပေးပါ
- မျှင်ငပိအနံ့ မွှေးလာပါက အရသာကို မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
- စိုစိုအိအိ အနေအထားလေး ရလာပါက မီးပိတ်ပေးကာ ငံပြာရည်ကြော်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment