Monday, 1 January 2024

ကြက်ပေါင်ပြုပ်ကြော်

 


ဒီနေ့တော့ ကြက်သားပြုပ်ကြော် မွှေးမွှေးလေး ချက်ဖြစ်ပါတယ် တစ်ချို့ကလဲ ကြက်သားပြုပ်ကြော် ချက်တဲ့အခါ လွယ်လွယ်လေးလို့ ထင်မိမှာပါဘဲ။

ဟုတ်ပါတယ် ဟင်းချက်နေကျ ဟင်းချက်တတ်နေတဲ့ သူတွေအတွက်တော့ အရမ်းကိုဘဲ လွယ်ပါတယ် ဟင်းချက်နေကျ မဟုတ် ရင်တော့ အချိန်အဆလေးတွေအတွက် အနည်းငယ် ခက်တတ်ပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ စားလို့လဲကောင်းစေ ထမင်းလဲ မြိန်စေဆိုတဲ့ ကြက်သားပြုပ်ကြော် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ 
  1. ကြက်ပေါင်သား - သုံးဆယ်သား
  2. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. ချင်း - ခပ်ပါးပါး လေးပြား
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. နာနတ်ပွင့် - တစ်ပွင့်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း (များများထည့်ရင်လဲ ရပါတယ်)
ပြင်ဆင်ပုံ
  • ကြက်ပေါင်သားကို ရေဆေးပြီး ရေစစ်ကာ  အတုံးမှာ အသားထဲ အရသာဝင်အောင် ပုံပါအတိုင်း မွှန်းပေးပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ထားပါးပါးလေးတွေ လှီးပေးထားပါ
  • ဇောက်အနည်းငယ်နက်သော အိုးထဲမှာ ကြက်သား ဆား နနွင်း ချင်း အရသာမှုန့်တို့ကို အရသာဝင်အောင် နယ်ပေးပါ  
  • ပြီးတာနဲ့ ရေအနည်းငယ်နှင့်နာနတ်ပွင့် ထည့်ကာ ပြုပ်ပေးပါ
  • လုံးရည်လေး ခမ်းကာနီးတော့မှ ရေမြုပ်အောင် ပထမတစ်ရည် ထပ်ထည့်ပေးပြီး ပြုပ်ပေးပါ
  • ပြုပ်ထားသော ပထမတစ်ရည် ခမ်းကာနီးမှာ ကြက်သားနူးမနူး စမ်းကြည့်ပေးပါ
  • ကြက်သားမနူးသေးပါက ရေမြုပ်အောင် ထပ်ထည့်ပြီး တည်ပေးပါ
  • ရေခမ်းကာနီးပါက မီးအပူရှိန်ကို အနည်းငယ် လျှော့လိုက်ပြီး ရေခမ်းတဲ့အထိ ထားပေးပါ
  • ကြက်ပြုပ်အိုးထဲကို ဆီခပ်များများ ထည်ံပေးပြီး ကြော််ပေးပါ
  • မာမာကတော့ ထမင်းပူပူလေးနဲ့ နယ်စားရအောင် ဆီကိုခပ်များများလေး ထည့်ပေးပါတယ်
  • ကြက်ကြော် တစ်ဖက်ကျက်တာနဲ့ နောက်တစ်ဖက်ကို လှန်ပေးပြီး ကြော််ပေးပါ
  • ကြက်ကြော် တစ်တုံးလုံး ကျက်တာနဲ့ ဆယ်ပြီး ဆီစစ်ပြီးတာနဲ့ ကြက်သားပြုပ်ကြော် မွှေးမွှေးလေး ရပါပြီ။

No comments:

Post a Comment