တစ်နေ့တစ်နေ့ ဟင်းချက်ဖို့ စဉ်းစားရတာ ခေါင်းနောက်တတ်ပါတယ် ဆီပြန်လေး တစ်မယ် ချက်ပြီးပြန်တော့လဲ အရည်သောက်လေးပါမှ အဆင်ပြေမှာမို့လို့ ရှာကြံပြီး ချက်ပြန်တာပါဘဲ။
ဒါကြောင့်မို့လို့ ဒီနေ့တော့ အိမ်မှာအဆင်သင့် ရှိနေတဲ့ မုန်လာဥဖြူလေးကို ဝက်နံရိုးနဲ့ ဟင်းချိုရည်လေး ချက်ဖြစ်တာမို့လို့ ဟင်းချိုတစ်မယ် အလွယ်ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ဟင်းချိုရည်ထဲထည့်တဲ့ အသီးအရွက်တွေကတော့ မိမိနှစ်သက်တဲ့ အသီးအရွက်တွေ ထည့်နိူင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဝက်နံရိုး - 200 g
- မုန်လာဥဖြူ - မိမိနှစ်သက်သလောက်
- ဆား - လိုသလောက်
- အရသာမှုန့် - လိုသလောက်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ငရုတ်ကောင်းမှုန့် - အနည်းငယ်
- ကြက်သွန်မိတ် - အနည်းငယ်
- ရေ - 3 cupsဟင်းချိုရည် ချက်ရန်
- ရေ - ဝက်နဲရိုးပြုပ်ရန် လိုသလောက် သုံးပါ
ပြင်ဆင်ပုံ
- ဝက်နံရိုးကို အနေတော် အတုံးလေးတွေတုံးကာ ရေဆေးပေးပါ
- ဇောက်နက်သော အိုးထဲမှာ ဝက်နံရိုးများထည့်ပေးပါ
- ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
- ရေပွက်ပွက် ဆူလာတာနဲ့ ထိုရေများကို သွန်လိုက်ကာ ရေမြုပ်အောင် ထပ်ထည့်ပြီး ပြုပ်ပေးပါ
- ဝက်နံရိုးများ နူးတဲ့အထိ ရေကိုထပ်ထပ်ထည့်ကာ ပြုပ်ပေးပါ
- မုန်လာဥဖြူကို အခွံခွာကာ ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
- ကြက်သွန်မိတ်များကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
- ငရုတ်ကောင်းမှုန့်ကို အဆင်သင့် ပြင်ထားပါ
- ဝက်နံရိုး ပြုပ်ရည်နှင့် မုံလာဥများကို အဆင်သင့် ပြင်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲကို မုံလာဥများ ဝက်နံရိုး ပြုပ်ရည်နှင့်ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
- မုံလာဥများ နူးလာတာနဲ့ ဆားနှင့် အရသာမှုန့်တို့ထည့်ပြီး တည်ပေးပါ
- ပြီးတာနဲ့ ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ ဆက်တည်ပေးပါ
- ရေပွက်ပွက် ဆူလာတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးကာ ကြက်ပါသွန်မိတ်ကို ထည့်ပေးပါ
- အရသာ ပြင်ပြီးတာနဲ့ ဟင်းချိုရည် ပူပူလေးကို သောက်သုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment