ဒီနေ့တော့ ဆီပြန်လေး တစ်မယ်ချက်ကာ အရည်သောက်လေးတစ်မျိုး ချက်ဖြစ်ပြန်ပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ အိမ်မှာအဆင်သင့် ရှိနေတဲ့ မုန့်ညှင်း အရွက်လေးနဲ့ ဝက်သားလုံး ဟင်းချိုရည်လေး ချက်ဖြစ်တာမို့လို့ ဟင်းချိုတစ်မယ် အလွယ်ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- မုန့်ညှင်းပင် - တစ်ပင်
- ဝက်သားလုံး - ဆယ်လုံးခန့်
- ချင်း - ခပ်ပါးပါး ငါးပြား
- ဆား - လိုသလောက်
- အရသာမှုန့် - လိုသလောက်
- ငရုတ်ကောင်းမှုန့် - အနည်းငယ်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ကြက်ပြုပ်ရည် - 3 cups
- ရေ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
- မုန့်ညှင်းရွက်ကို အနေတော် ပိုင်းဖြတ်ပြီး ရေလေးခါလောက် ဆေးပေးကာ ရေစစ်ထားပါ
- ကြက်ပြုပ်ရည်နှင့် ဝက်သားလုံးတို့ကို အဆင်သင့် ပြင်ထားပါ
- ချင်းကိုအခွံခွာကာ ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲကို ချင်း ကြက်ပြုပ်ရည်နှင့်ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေပွက်ပွက် ဆူလာတာနဲ့ ဝက်သားလုံး ဆားနှင့် အရသာမှုန့်တို့ထည့်ပြီး တည်ပေးပါ
- ပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ကြက်သွန်ဖြူနှင့် မုန့်ညှင်းရွက်တို့ကို ထည့်ပေးပြီး အရွက်ကို ခပ်စိမ်းစိမ်း ရလာအောင် အဖုံးမအုပ်ဘဲ ဆက်တည်ပေးပါ
- ရေပွက်ပွက် ဆူလာတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
- အရသာ ပြင်ပြီးတာနဲ့ ဟင်းချိုရည် ပူပူလေးကို သောက်သုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment