Saturday 14 January 2023

မုန့်ဟင်းခါးနှင့် တို့ဟူးအရိုင်းသုပ်


ဒီနေ့တော့ မုန့်ဟင်းခါးကို မာမာ့အမေ ရှိစဉ်က နေ့တိုင်းနီးပါး စားဖြစ်တဲ့ မုန့်ဟင်းခါးနဲ့ တို့ဟူးအရိုင်းသုပ်လေးကို မာမာ လုပ်စားဖြစ်ပါတယ်။

မုန့်ဟင်းခါး ချက်နည်းကတော့ မကြာမကြာ ရေးပေးဖြစ်တဲ့အတွက် မုန့်ဟင်းခါးနဲ့ နယ်ဖတ်စားဖို့အတွက် တို့ဟူးသုပ် အရိုင်းသုပ် အလွယ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. တို့ဟူးကျိုပြီးသား 
  2. မန်ကျည်းသီးမှည့်အနှစ်
  3. ကြက်သွန်နီဆီချက်
  4. ငါးငံပြာရည်
ပြင်ဆင်ပုံ
  • မိမိစားနိူင်သလောက် တို့ဟူး
  • မန်ကျည်းသီးမှည့်အနှစ်
  • ကြက်သွန်နီဆီချက်
  • ငါးငံပြာရည်တို့ကို သင့်တော်သလို ထည့်ပေးပါ
  • ပြီးတာနဲ့ မုန့်ဟင်းခါး ပန်းကန်ထဲထည့်ကာ စားသုံးနိူင်ပါပြီ။

No comments:

Post a Comment