တစ်ယောက်နဲ့တစ်ယောက် ချက်နည်းတွေ တူချင်မှ တူကြပါလိမ့်မယ် အခုချက်နည်းကတော့ မာမာ့အမေ ချက်တဲ့ နည်းလေးပါ ဒါကြောင့်မို့လို့ မာမာ့အမေ ချက်နည်းအတိုင်း ချက်ထားတဲ့ ကြက်သားဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ကြက်သားပြုပ်ရန် ပါ၀င်ပစ္စည်းများ
- ကြက်ရင်ပုံသား - 500 g
- နနွင်းမှုန့် - လက်ဖပ်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ကြက်သားဆီသတ်ရန် ပါဝင်ပစ္စည်းများ
- ပြုပ်ပြီး အသားထွင်ထားသော ကြက်သားများ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
- ကြက်သွန်နီ - အနေတော် ငါးလုံး
- နနွင်းမှုန့် - လပ်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း သုံးဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သားဆီသတ်ရန်)
- ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း (ကြက်သားဆီသတ်ရန်)
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သားဆီသတ်ရန်)
- ဆီ - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် 1 1/2 cups (ကြက်သားဆီသတ်ရန်)
- အုန်းနို့ - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် 1cup (ကြက်သားဆီသတ်ရန်)
ကြက်သားပြုပ်ရန် ပြင်ဆင်ပုံ
- ကြက်သားကို အတုံးလိုက် ရေစင်အောင်ဆေးပြီး ဆား ငါးငံပြာရည် နနွင်းမှုန့်နှင့် အရသာမှုန့်တို့ ထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
- ပြီးတာနဲ့ ဇောက်နက်သော အနေတော် အိုးထဲမှာ ကြက်သားကို ထည့်ပေးပြီး ရေမြုပ်အောင်ထည့်ကာ ရေခမ်းတဲ့အထိ တည်ပေးပါ
- ကြက်သားပြုပ်ထားတာ ရေခမ်းတာနဲ့ အအေးခံပြီး ပုံပါအတိုင်း ရှည်ရှည်အမြှောင်းလေးတွေရအောင် အသားနွှင်ပေးထားပါ
ကြက်သားဆီသတ်ရန်
- ပြုပ်ပြီး နွှင်ထားသော ကြက်သားများကို အဆင်သင့် ပြင်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ်လေးတွေ လှီးထားပေးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပေးပါ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို တစ်ခါထဲထည့်ပြီး ဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ ကြက်သွန်များ ခပ်မွမွလေး ဖြစ်လာတာနဲ့ အသားနွှင်ထားသော ကြက်သားကို ထည့်မွှေပေးပါ
- ကြက်သားထည့်ပြီးတာနဲ့ ဆား ငါးငံပြာရည်နှင့် အရသာမှုန့် တို့ကို ထည့်မွှေပေးကာ ဆက်ပြီးချက်ပေးပါ
- အရသာ သမလောက်တာနဲ့ အုန်းနို့နှင့် ကြက်သားကို ရေမြုပ်အောင်ထည့်ပြီး ကြက်သွန်များ နွမ်းအိသွားအောင် ချက်ပေးပါ
- ပြီးတာနဲ့ ရေခမ်းပြီး ဆီပြန်တဲ့အထိ တည်ပေးကာ အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရသာ ရလာတဲ့အထိ ပြင်ပေးပါ
- ချက်ထားသော ကြက်သားများ ဆီပြန်လာတာနဲ့ မီးပိတ်ပေးထားကာ အုန်းနို့နံ့လေး မွှေးနေတဲ့ ကြက်သားဟင်းကို အသုပ် သုပ်ရန် ပြင်ဆင်နိူင်ပါပြီ။
No comments:
Post a Comment