ဒီနေ့တော့ King Oyster Mushroom လေးတွေ ဝယ်လာပြီး ပေါင်းပါမယ် ပေါင်းတဲ့အခါမှာ အချိုရည်များ ထွက်လာတဲ့အတွက် အရည်သောက်ဆမ်း ပြင်ပေးနိုင်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ မှိုပေါင်းအရည်သောက်ဆမ်း ပြင်ဆင်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- King Oyster Mushroom - 250 g
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ကြက်သွန်ဖြူ -၂မွှာ
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဝက်
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ရေ - ထမင်းစားဇွန်း ငါးဇွန်း
ပြင်ဆင်ပုံ
- မှိုမှ မလိုသော အောက်ချေကို လှီးထုတ်လိုက်ပြီး ရေဆေးကာ လက်တစ်လုံး အရွယ်လေးတွေ လှီးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ တစ်ခြမ်းကို ခပ်ပါးပါး လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ပန်းကန်တစ်လုံးထဲမှာ ဆား ပဲငံပြာရည် ရေနှင့် ငရုတ်ကောင်းမှုန့်တို့ကို ရောပြီး သမအောင် ပြင်ထားပါ
- ပန်းကန်တစ်လုံးထဲမှာ မှို ကြက်သွန်ဖြူ ကြက်သွန်နီနှင့် အရသာ စပ်ထားသော ပဲငံပြာရည်တို့ကို ထည့်ပေးပါ
- ထိုပန်းကန်ကို ပေါင်းအိုးထဲထည့်ပြီး အဖုံးအုပ်ပေးပါ
- ပြီးတာနဲ့ ပေါင်းမည့်ခလုတ်ကို နှိပ်ပေးပြီး ၅မိနစ် ပေါင်းပေးပါ
- မှိုပေါင်းချိန် ငါးမိနစ် ပြည့်တာနဲ့ လေထုတ်မည့် ခလုတ်ကို နှိပ်ပြီး လေကုန်အောင် နှိပ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
- မှိုပေါင်းစဉ် ထွက်လာသော အရည်မှာ အရမ်းကို ချိုတဲ့အတွက် အရည်သောက်ဆမ်းလေး ပြင်ပေးနိုင်ပါတယ်
- ပြီးတာနဲ့ မှိုပေါင်းပန်ကန်ကို ပေါင်းအိုးအပြင်သို့ ထုတ်ပေးပြီး ပူပူလူလူ သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment