Monday, 19 October 2015

Sea Food ဟင်းချို


ချဉ်စပ်လေး စားချင်စိတ်ပေါ်လာတိုင်း အခုလို ချဉ်ငံစပ်လေးတွေ ချက်သောက်ဖြစ်ပါတယ် ချက်နည်းကတော့ အသီးအရွက် လျှော့ထည့်တာကလွဲရင် သုန့်ယမ်းဟင်းချက်နည်းနဲ့ အတူတူပါဘဲ။

ပါဝင်ပစ္စည်းများ

  1. Tom Yum ဟင်းချက်အနှစ် - ထမင်းစားဇွန်း တစ်ဇွန်း
  2. ရေ - တရုတ်ဟင်းရည်သောက် ပန်းကန် နှစ်လုံး
  3. ပုဇွန်ထုတ် - ၇ကောင် ( အမြှီး ခေါင်း အခွံခွာ ကြောမှ အမဲကြောင်း ထုတ်ထားပါ )
  4. ကင်းမွန်လှီးပြီးသား - ၈ခု( ကင်းမွန်ကို ရေစင်အောင်ဆေးပြီး ပြောင်းပြန်လှန်ကာ ကန့်လန့် အစောင်း အရာပေးပြီး အနေတော် လှီးထားပါ )
  5. ပဲပြား  - ၂တုံး ( ကြော်ပြီးသား ပဲပြားကို အနေတော် လှီးထားပါ)
  6. Fish cake. - ၅ခု (fish cake ကို အနေတော် လှီးထားပေးပါ )
  7. မုံလာဥနီ  - အနည်းငယ် ( ရေဆေးပြီး အရှည်လိုက် လှီးထားပေးပါ)
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. အရသာမှုန့်-  လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ဆန်ကြာဇံ အကြည် - 50 g ကို ရေစိမ်ထားပါ
  11. အခုပြင်ဆင်ထားသလောက်ဆိုရင် ပွဲကြီး ၂ပွဲစာ မိသားစု ၆ယောက်လောက် ကောင်းကောင်းစားနိုင်ပါတယ်
  12. မိသားစုနည်းရင် လိုအပ်သော အစာများကို လျော့ပြီးပြင်ပေးပါ

ချက်ပြုပ်ပုံ
  • အရင်ဆုံး ဇောက်နက်နက် အိုးထဲ ရေထည့်ပြီး ရေဆူအောင် တည်ပေးပါ
  • ရေဆူလာပါက ပုဇွန် ကင်းမွန် fish cake ဆားတို့ထည့်ပြီး ၂မိနစ်လောက် တည်ပေးပါ
  • ပြီးတာနဲ့ တုန်ယမ်းအနှစ်နှင့် မုံလာဥနီကို ထည့်ပြီ မိနစ်ဝက်လောက် ရေဆူပါစေ
  • ပြီးတာနဲ့ ဆား အရသာမှုန့် ကြာဇံ ပဲပြားတို့ထည့်ပြီး တစ်မိနစ်လောက် ရေဆူပါစေ
  • အားလုံးပြီးတာနဲ့ မိနစ်ဝက်လောက် ရေဆူစေပြီး ချဉ်ငံစပ်  ဟင်းချိုလေး ရပါပြီ   
  • အချဉ်ပိုကြိုက်လျှင် သံပုရာရည် အနည်းငယ် ထည့်သောက်နိုင်ပါတယ်။

လျှာဂျွမ်းပြန် ချဉ်ပေါင်ကြော်


ချဉ်ပေါင်ရွက် ရှားပါးတဲ့ အရပ်ဒေသမှာ ချဉ်ပေါင်ရွက်နည်းနည်း မျှစ်များများနဲ့ ခပ်စပ်စပ်လေး ကြော်ထားတာမို့ စားမိသူအပေါင်း လျှာဂျွမ်းပြန်မှာတော့ သေချာပါတယ် ဒီနေ့ချဉ်ပေါင်ကြော်က အသားမထည့်ဘဲ ပုဇွန်ငပိနဲ့ကြော်ထားတဲ့အတွက် ထူးကဲအရသာ တစ်မျိုး ရတာမို့ ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အရိုးသင်ပြီး ရေစင်အောင်ဆေးပြီး ရေစစ်ထားသော ချဉ်ပေါင်အနီ - ဇကာအလတ် တစ်ဝက်သာသာ
  2. ပြုပ်ပြီး ခပ်ပါးပါး လှီးထားသော မျှစ် - တရုတ်ဟင်းပြင်ပန်းကန် အလတ် တစ်လုံးစာ
  3. ပုဇွန်ငပိ အကောင်းစား - ထမင်းစားဇွန်း တစ်ဇွန်း
  4. ခပ်ပါးပါး လှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  5. အနေတော်စိတ်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  6. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
  7. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  10. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  11. ငရုတ်သီးစိမ်း - နှစ်သက်သလောက်

ပြင်ဆင်ချက်ပြုပ်ပုံ
  • လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • အောက်ခြေမကပ်သော အိုးကို အပူပေးပြီး ဆီနှင့်နနွင့်မှုန့်ကိုထည့်ပါ
  • ဆီပူလာပါက ကြက်သွန်နီနှင့် ငရုတ်သီးမှုန့်ကို ထည့်ပြီး မွှေးလာအောင်ကြော်ပေးပါ
  • ငရုတ်သီးနံ့မွှေးလာတာနဲ့ ပုဇွန်ငပိကို တမိနစ်လောက်ထည့်ပြီး ကြော်ပေးပါ
  • ပြီးတာနဲ့ ချဉ်ပေါင်ရွက်ကို ထည့်ပြီးမွှေပါ
  • ချဉ်ပေါင်ရွက် ကျေလာတာနဲ့မျှစ်ကို ထည့်ကြော်ပါ 
  • မျှစ်ထည့်ပြီးတာနဲ့ ငံပြာရည်နှင့် အရသာမှုန့် ကြက်သွန်ဖြူ ငရုတ်သီးစိမ်းတို့ထည့်ပြီး သမအောင်မွှေပေးပါ
  • အားလုံးသမသွားပြီဆိုတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ပေးကာ ချဉ်ပေါင်ကြော် မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။

ကြက်သား အာလူးဆီပြန်


ကြက်သားဆီပြန်ချက်မယ်လို့ စိတ်ကူးမိပေမဲ့ အသားကြီးသက်သက် မစားချင်တာကြောင့် အာလူးအရော ဆီပြန်လေး ချက်လိုက်ပါတယ် ချက်နည်းကတော့ အရင် ကြက်သားချက်နည်းတွေ အတိုင်းဘဲ ချက်ထားပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်သားအရသာနယ်ရန်

  • ကြက်ပေါင်သား - 500g (အနေတော်တုံးထားပါ)
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်
  • အာလူးကို အခွံခွာရေဆေးပြီး အနေတော် တုံးထားပါ

ဟင်းချက်ရန်

  1. ဆီ - ထမင်းစားဇွန်း ၇ဇွန်း
  2. ကြက်သွန်ဖြူထောင်းရန် - ငါးမွှာ
  3. ကြက်သွန်နီ မညက်တညက်ထောင်းရန် - ခပ်ကြီးကြီး တဥ
  4. ချင်းထောင်းရန် - လက်တဆစ်ခန့်
  5. စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တဇွန်း
  6. ငရုတ်သီးမှုန့် - ထမင်းစားဇွန်း တဇွန်း
ပြင်ဆင်ပုံ
  • ကြက်သားနှင့်ချက်ရန် လိုအပ်သော ပစ္စည်းများကိုပြင်ထားပါ
  • ကြက်သွန်ဖြူ နီ ချင်း စပါးလင်ထောင်နှင့် ငရုတ်သီးမှုန့်တို့ကို မွှေးလာာတဲ့ထိ ဆီသတ်ပေးပါ 
  • အရသာနယ်ထားသော ကြက်သားကိုထဲ့ပြီး ဆီသတ်ပေးပါ
  • အသားများ မာကျစ်လာတဲ့ထိ သုံးမိနစ်လောက် ဆီသတ်ပေးပါ
  • အသားများမာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး နူးတဲ့ထိ ဆက်တည်ပေးပါ 
  • ကြက်သားနူးပါက အာလူးထည့်ပြီး အာလူးနူးလောက်ရုံ ရေထည့်ပြီး ဆက်တည်ပေးပါ
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ရခမ်းပြီး ဆီပြန်လာပါက ကြက်သားအာလူး ဆီပြန်မွှေးမွှေးလေး စားသုံးနိုင်ပါပြီ။

ကြက်အသည်းအမြစ် အာလူး ဆီလည်ရေလည်


ကြက်သားထဲက မထွက်နိုင်သော မာမာ့ရဲ့ဟင်းပွဲလေးထဲက ဒီတခါတော့ ကြက်အသည်းအမြစ်ကို အာလူးနဲ့ ဆီလည်ရေလည်လေး ချက်ထားလို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
ကြက်အသည်းအမြစ် အရသာနယ်ရန်

  • ကြက်အသည်းအမြစ် - 500g 
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်
  • ကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ချင်း - လက်တဆစ်ခန့်
  • စပါးလင် - တလက်မခန့်
  • ကရဝေးရွက် - တရွက်
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • အာလူး - အနေတော် ၃လုံး  (အာလူးကို အခွံခွာကာ အနေတော်တုံးပြီး ရေဆေးထားပါ)
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း

ကြက်အသည်းအမြစ် ရေဆေးရန်
  1. ကြက်အသည်းကို သပ်သပ်ဖယ်ထားပြီး ရေဆေးပါ
  2. ကြက်အမြစ်ကို အအစာအိတ်ထုတ်ပြီး ဆား လက်ဖက်ရည်ဇွန်း တဇွန်း နနွင်း လက်ဖက်ဇွန်း တ၀က်နှင့်နာနာနယ်ပေးပါ
  3. နယ်ပြီးတာနဲ့ ရေ ၄ခါလောက်နှင့် စင်အောင်ဆေးပါ
  4. ဆေးပြီးမှ အနေတော် အတုံးလေးများ တုံးပေးထားပါ
အရသာနယ်ရန်
  1. ကြက်အသည်းအမြစ်ကို ဆား နနွင်း ဟင်းချိုမှုန့် ငံပြာရည်တို့နဲ့ အရသာဝင်အောင် နယ်ထားပါ

ငရုတ်သီးထောင်းရန်
  1. ကြက်သွန်ဖြူ- ငါးမွှာ
  2. ကြက်သွန်နီ - ခပ်ကြီးကြီး တဥ
  3. ချင်း- လက်တဆစ်ခန့်
  4. စပါးလင် - ထမင်းစားဇွန်း တဇွန်း
  5. ငရုတ်သီးမှုန့် - ထမင်းစားဇွန်း တဇွန်း အားလုံးကို ရောပြီးထောင်းပေးပါ
ပြင်ဆင်ပုံ
  • ကြက်သားနှင့်ချက်ရန် လိုအပ်သော ပစ္စည်းများကိုပြင်ထားပါ
  • ကြက်သွန်ဖြူ နီ ချင်း စပါးလင်ထောင်း ကရဝေးရွက်နှင့် ငရုတ်သီးမှုန့်တို့ကို မွှေးလာာတဲ့ထိ ဆီသတ်ပေးပါ 
  • အရသာနယ်ထားသော ကြက်အသည်းအမြစ်ကိုထဲ့ပြီး ဆီသတ်ပေးပါ
  • အသားများ မာကျစ်လာတဲ့ထိ သုံးမိနစ်လောက် ဆီသတ်ပေးပါ
  • အသားများမာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး  အသည်းအမြစ် နူးတဲ့ထိဆက်တည်ပေးပါ 
  • အာလူးရောပြီး ရေမြုပ်အောင် ထပ်ထည့်ကာ ဆက်တည်ပါ
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ရခမ်းခင် ဆီလည်ရေလည်ချိန်မှာ စားသုံးနိုင်ပါပြီ။

ချဉ်ပေါင်ခါး မျှစ်ကြော် ချဉ်ငံစပ်


ချဉ်ပေါင်ခါးရွက်လေးတွေ ရတာနဲ့ ပုဇွန်ခြောက်ကိုထောင်းပြီး မျှစ်အရောနဲ့ကြော်ပါတယ် ချဉ်ပေါင်ခါးရွက်က ဆေးဘက်ဝင်တယ်လို့ ပြောသံကြားဖူးပေမဲ့ ဘာအတွက်ဝင်သလဲတော့ သေသေချာချာမသိလေတော့ ကြော်နည်းလေးဘဲ မျှဝေလိုက်ပါတယ်။

ရိုးရိုးချဉ်ပေါင်ကြော်တဲ့  ကြော်နည်းအတိုင်းပါဘဲ ဒါပေမဲ့ ချဉ်ပေါင်ခါးရွက်က အရွက်ကြီးပြီး အရွက်သားမာတော့ ကြော်တဲ့အခါမှာ မကျေဘဲ ဖိုးသိုးဖတ်သတ် ခါးသက်သက်လေးနဲ့မို့လို့ စားလို့အင်မတန်မှ ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

  1. အရိုးသင်ပြီး ရေစင်အောင်ဆေးပြီး ရေစစ်ထားသော ချဉ်ပေါင်ခါးအရွက်- ဇကာအလတ် တစ်လုံးစာ
  2. ပြုပ်ပြီး ခပ်ပါးပါးလှီးထားသော မျှစ် - တရုတ်ဟင်းပြင်ပန်းကန် အလတ် တစ်လုံးစာ
  3. ပုဇွန်ခြောက် - အကောင် နှစ်ဆယ်ခန့် ထောင်းထားပါ
  4. ခပ်ပါးပါး လှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  5. အနေတော် စိတ်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  6. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  10. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ


ပြင်ဆင်ချက်ပြုပ်ပုံ
  • လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • အောက်ခြေမကပ်သော အိုးကို အပူပေးပြီး ဆီနှင့်နနွင့်မှုန့်ကိုထည့်ပါ
  • ဆီပူလာပါက ကြက်သွန်နီနှင့် ငရုတ်သီးမှုန့်ကို ထည့်ပြီး မွှေးလာအောင်ကြော်ပေးပါ
  • ငရုတ်သီးနံ့မွှေးလာတာနဲ့ ပုဇွန်ခြောက်မှုန့်ကို မိနစ်ဝက်လောက်ထည့်ပြီး ကြော်ပေးပါ
  • ပြီးတာနဲ့ ချဉ်ပေါင်ရွက်ကို ထည့်ပြီးမွှေပါ
  • ချဉ်ပေါင်ခါးရွက် ဖြစ်တဲ့အတွက် အရွက်များ အရမ်းကျေမသွားဘဲ ပျော့ရုံဘဲ ပျော့လာတာနဲ့ငံပြာရည်နှင့် အရသာမှုန့် မျှစ်တို့ ထည့်မွှေပေးပါ
  • မျှစ်နဲ့ ချဉ်ပေါင်ရွက် လုံးမိသွားတာနဲ့ ငရုတ်သီးစိမ်း ကြက်သွန်ဖြူတို့ကိုထည့်ပြီး သမအောင်မွှေပေးပါ
  • အားလုံးသမသွားပြီဆိုတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ပေးကာ သုံးဆောင်နိုင်ပါပြီ။

အသီးအရွက် အစိမ်းကြော်


ဒီနေ့တော့ အိမ်မှာရှိတဲ့ အသီးအရွက်လေးနဲ့အစိမ်းကြော်လေး ကြော်ပါတယ် ကြော်လိုက်တော့လဲ ထမင်းမြိန်စေတဲ့ ဟင်းတစ်မယ်တော့ ရလာတာပါဘဲ ဒါကြောင့်မို့လို့မာမာကြော်ထားတဲ့  ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ခပ်ကြမ်းကြမ်း လှီးထားသော ဂေါ်ဖီ -နှစ်ရွက်
  2. အတုံးလေးများရအောင် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ခပ်ရှည်ရှည်လေးတွေ လှီးထားသော မုံလာဥနီ - အနေတော် တစ်ဥ
  5. အနေတော် လှီးထားသော ပန်းဂေါ်ဖီ - လေးခက်
  6. အနေတော် လှီးထားသော ပဲတောင့်ရှည် - ငါးတောင့်
  7. အနေတော် လှီးထားသော ဘရိုကိုလီ - သုံးခက်
  8. တစ်လက်မစီလောက် လှီးထားသော ကြက်သွန်မိတ် - နှစ်ပင်
  9. တစ်လက်မစီလောက် လှီးထားသော တရုတ်နံနံ - နှစ်ခက်
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  11. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း သုံးဇွန်း

ပြင်ဆင်ပုံ
  • လိုအပ်သော အသီးအရွက်များ အသားများကို အဆင်သင့်ဖြစ်အောင် ပြင်ထားပေးပါ
  • ဆီကို အပူပေးပြီး ဆီပူလာတာနဲ့ကြက်သွန်နီ ကြက်သွန်ဖြူကို ထည့်ကြော်လိုက်ပါ
  • ကြက်သွန်နီနဲ့ကြက်သွန်ဖြူကို အရင်ထည့်ပြီး မိနစ်ဝက်လောက် ကြော်ပေးပါ
  • မိနစ်ဝက်ပြည့်တာနဲ့မုံလာဥနီ ပန်းဂေါ်ဖီ မုန်ညှင်း ပဲသီးတို့ကို ထည့်ပြီး တစ်မိနစ်လောက် ကြော်ပေးပါ
  • တမိနစ်လောက် ကြော်ပြီးတာနဲ့ ဆား သကြား တို့ထည့်ပြီး ကြော်ပေးပါ
  • ကြော်ချိန် တစ်မိနစ်လောက် ရပြီဆိုတာနဲ့ တရုတ်နံနံနှင့် ကြက်သွန်မိတ်တို့ ထည့်မွှေပေးပြီး ပူပူလူလူလေး စားနိုင်ပါပြီ

ပဲပင်ပေါက် ပဲပြား ကြက်ဥမွှေကြော်


ဒီနေ့တော့ လွယ်ကူမြန်ဆန် ဟင်းတမယ် ချက်လိုက်တာမို့လို့ ပဲပင်ပေါက် ပဲပြားကြော်ကို ကြက်ဥလေးမွှေပြီး ကြော်ထားတာမို့ စိမ့်စိမ့်မွှေးမွှေး မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ရေစင်အောင်ဆေးပြီး ဇကာနှင့်ရေစစ်ထားသော ပဲပင်ပေါက် - 200 g
  2. လေးထောင့်အတုံးလေးများ လှီးထားသောတို့ဟူး - တစ်တုံး
  3. ခပ်ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. တရုတ်နံနံ -၂ခက်
  5. ကြက်ဥ - တစ်လုံး
  6. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
  • ဆီကိုဒယ်အိုးထဲမှာ ထည့်ပေးပြီး မီးအနေတော်နဲ့အပူပေးပြီး ဆီပူလာရင် နနွင်းမှုန့်ထည့်ပေးပါ
  • ပဲပြားကို နဲနဲမာအောင် ကြော်ပေးပြီး ဆယ်ထားပါ
  • ကြက်သွန်နီကို နွမ်းသွားအောင် ကြော်ပေးပြီးမှ ပဲပြားကြော်ကို ပြန်ထဲ့ပြီး မိနစ်ဝက်လောက် ကြော်ပါ
  • ပဲပင်ပေါက်နဲ့အတူ ဆား အရသာမှုန့်တို့ထဲ့ပြီးနှံ့အောင် မွှေပေးပါ
  • နှစ်မိနစ် သုံးမိနစ်လောက် ကြော်ပေးပြီးတာနဲ့ ကြက်ဥတလုံးကို ဖောက်ထည့်ပြီး မွှေပေးကာ ကြက်ဥကျက်တာနဲ့ တရုတ်နံနံ ထည့်မွှေကာ ပဲပင်ပေါက်ကြော် စိမ့်စိမ့်လေးရပါပြီ။