Wednesday 26 August 2020

အမဲအကြောပြုပ်နည်း



 


 
ဒီနေ့တော့ အမဲအကြောလေးတွေ ဝယ်လာပြီး ချဉ်ငံစပ်လေး သုပ်စားချင်တာနဲ့ ပြုပ်ဖြစ်ပါတယ် အမဲအကြောက အရမ်းမာတဲ့အတွက် နူးဖို့ရန်အတွက် အကြာကြီး ပြုပ်ရတတ်ပါတယ် ဒါကြောင့်မို့လို့ မာမာကတော့  ပြုပ်တယ်ဆိုတာထက် pressure cooker နဲ့ ပေါင်းလိုက်ပါတယ်။
Pressure cooker နဲ့ ပေါင်းတဲ့အခါ နာရီဝက် ပေါင်းလိုက်ရင် ချဉ်ငံစပ်လေး သုပ်စားဖို့အတွက် အနေတော်လေး ရတဲ့အတွက် မာမာပြင်ဆင်ပြီး ပေါင်းတဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
အမဲအကြော ပေါင်းဖို့အတွက် pressure cooker အဆင်သင့် မရွိပါက ရိုးရိုးအိုးနဲ့ ပြုပ်ပေးပါက နူးတဲ့အထိ ပြုပ်ပေးရင် အချိန်အနည်းငယ် ကြာတတ်တဲ့အတွက် စိတ်ရှည်ရှည်လေး ပြုပ်ပေးစေချင်ပါတယ်။
ပါ၀င်ပစ္စည်းများ
  1. အမဲအကြော - တစ်ကီလို
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ချင်း - လက်တစ်ဆစ်ခန့်
  6. စပါးလင် အရင်းပိုင်း - လေးလက်မခန့် နှစ်ချောင်း
  7. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ငါးမွှာ
  8. Pressure cooker - တစ်လုံး
ပြင်ဆင်ပုံ
  • အမဲအကြောကို ရေစင်အောင် ဆေးပေးပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထုပေးထားပါ
  • စပါးလင်ကို အပင်လိုက် ရေဆေးကာ မညက်တစ်ညက် ထုပေးထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထုပေးထားပါ
  • အိုးထဲမွာ အမဲအကြောများ ဆား အရသာမှုန့် နနွင်းမှုန့် ချင်း စပါးလင်နှင့် ကြက်သွန်ဖြူ တို့ ထည့်ပေးကာ အရသာ ဝင်အောင် နယ်ပေးပါ
  • အရသာ ဝင်လောက်တာနဲ့ ရေအနည်းငယ် ထည့်ပေးကာ အိုးအဖုံးကို အုပ်ပေးပါ
  • ပြီးတာနဲ့ pressure cooker ရဲ့ steam ကို နှိပ်ပေးပြီး နာရီဝက် ချိန်ပေးကာ ပေါင်းပေးပါ
  • ပေါင်းချိန်ပြည့်တာနဲ့ အိုးထဲမှ လေကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • ပေါင်းထားတဲ့ အမဲအကြောများကို အအေးခံပြီး ခပ်ပါးပါးလေးတွေ လှီးပေးပြီးရင် အမဲကြောကို သုပ်စားဖို့ ပြင်ဆင်နိူင်ပါပြီ
  • အမဲအကြော ပေါင်းဖို့အတွက် pressure cooker အဆင်သင့် မရွိပါက ရိုးရိုးအိုးနဲ့ ပြုပ်ပေးပါက နူးတဲ့အထိ ပြုပ်ပေးရင် အချိန်အနည်းငယ် ကြာတတ်တဲ့အတွက် စိတ်ရှည်ရှည်လေး ပြုပ်ပေးစေချင်ပါတယ်။

No comments:

Post a Comment