ဒီတစ်ခါတော့ အသားမပါပေမဲ့ အရမ်းစားလို့ ကောင်းလွန်းတဲ့ ကန်စွန်းဥ ခေါက်ဆွဲအချိုလေး ကြော်စားဖြစ်ပါတယ် အရသာ အချိုအစိမ့်လေး ရတဲ့အတွက် ကြော်စားချင်တဲ့သူတွေ ကြော်စားနိုင်အောင် မာမာကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
ပါဝင်ပစ္စည်းများ
- ကန်စွန်းဥခေါက်ဆွဲအစို - သုံးဆယ်သား
- ကြာဆွယ် - မိမိနှစ်သက်သလောက်
- မုံလာဥနီ - အနေတော် တစ်ဥ
- ကိုက်လန် - အနေတော် သုံးပင်
- ပန်းဂေါ်ဖီ - အခက်ကြီးကြီး လေးခက်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
- ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
- ကြက်ပြုပ်ရည် - ထမင်းစားဇွန်း ရှစ်ဇွန်း
- တရုတ်နံနံ - မိမိနှစ်သက်သလောက်
- ကြက်ဥ - တစ်လုံး
ပြင်ဆင်ချက်ပြုပ်ပုံ
- ခေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ ဆား ပဲငံပြာရည်အပျစ်တို့နဲ့နယ်ပေးထားပါ
- ကြက်သွန်မိတ်ကို ရေဆေးကာ ခပ်ရှည်ရှည်လေးတွေရအောင် လှီးထားပါ
- ကိုက်လံကို အပင်လိုက်ရေဆေးပြီး အနေတော်လေးတွေ လှီးထားပါ
- မုံလာဥနီကို အခွံခွာပြီး ရေဆေးပြီး မိမိနှစ်သက်သလို လှီးထားပါ
- ပန်းဂေါ်ဖီကို ရေဆေးပြီး အနေတော်လေးတွေ လှီးပေးပါ
- ကြာဆွယ်ကို ရေဆေးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
- ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကို အရင်ထည့်ကြော်ပါ
- ကြက်သွန်ဖြူ အနံ့လေး မွှေးလာတာနဲ့ ကိုက်လန် ကြာဆွယ် ပန်းဂေါ်ဖီနှင့် မုံလာဥနီတို့ကို နှစ်မိနစ်လောက် ထည့်ကြော်ပေးပါ
- ပြီးတာနဲ့ ပဲငံပြာရည်အကျဲနှင့် ကြက်ပြုပ်ရည်တို့ကို ထည့်ကြော်ပေးပါ
- အသီးအရွက်များ အရမ်းနူးမသွားစေရန် နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
- အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တစ်မိနစ်လောက် မွှေပြီးတာနဲ့ ကျန်နေသော ကြက်ပြုပ်ရည်ကို ထည့်ကြော်ကာ အရသာမြည်းပေးကာ လိုသလို ပြင်ပေးပါ
- ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ဘေးဖက်မှာ ခနတွန်းထားပြီး ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
- ကြက်ဥ ကျက်တာနဲ့ ခေါက်ဆွဲကြော်ကို ရောမွှေပေးကာ အားလုံးသမသွားတာနဲ့ ခေါက်ဆွဲကြော် ချိုစိမ့်စိမ့်လးကို သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment