Friday 13 September 2019

ကြက်သား ကြက်ဥပေါင်း







ဒီတစ်ခါတော့ ကြက်သားစင်းကောနဲ့ ကြက်ဥပေါင်းလေး  ပေါင်းဖြစ်ပါတယ် ထမင်းမစားချင်တဲ့ ရက်တွေမှာ အခုလို ပေါင်းပြီးစားရတာ အင်မတန်မှ စားလို့ကောင်းပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ပေါင်းဖြစ်ခဲ့ပြီး အရသာ ရှိလွန်းတဲ့ ကြက်သားကြက်ဥပေါင်းနည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ပေါင် - 500 g
  2. ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  6. ကြက်သွန်မိတ် - သုံးပင်
  7. မုံလာဥနီ - အနေတော် တစ်ဥ
  8. ငရုတ်ကောင်းစေ့ - လက်ဖက်ရည်ဇွန်း  တစ်ဇွန်း
  9. ကြက်ဥ - တစ်လုံး

ပြင်ဆင်ပုံ
  • ကြက်ပေါင်ကို ရေစင်အောင်ဆေးပြီး ရေစစ်ကာ အရိုးများဖယ်၍ ခပ်နုတ်နုတ် စင်းပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေစင်အောင်ဆေးကာ ခပ်နုတ်နုတ် လှီးပေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ်လှီးပေးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပေးပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ အတုံးလေးတွေ ရအောင် လှီးထားပါ
  • ငရုတ်ကောင်းကို လှော်ပေးပြီး မှုန့်နေအောင် ထောင်းပေးထားပါ
  • ဇလုံတလုံးထဲကို ကြက်သား ကြက်သွန်ဖြူ ကြက်သွန်နီ ကြက်သွန်မိတ် ဆား အရသာမှုန့် တန်ပူရာမှုန့် ငရုတ်ကောင်းမှုန့် နှင့် ကြက်ဥတို့ထည့်ပြီး အရသာဝင်အောင် ရောပြီးနယ်ပေးပါ
  • အားလုံးပြီးတာနဲ့ ပန်းကန်လုံးလေးတွေထဲကို ပြောင်းပြီးထည့်ထားပေးပါ
ပေါင်းနည်း
  • ပေါင်းအိုးအောက်ခံအိုးကို ရေထည့်ပြီး ကြက်သားပန်းကန်ကိုထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ပေါင်းချိန် မိနစ်၂၀ခန့် ပေါင်းပေးပါ
  • မိနစ်၂၀ပြည့်ပါက မွှေးပြီး နူးညံ့နေတဲ့ ကြက်သားပေါင်း မွှေးမွှေးလေးကို ရပါပြီ။
မှတ်ချက် ။ ။ မိမိအသုံးပြုသော ပေါင်အိုးအပေါ် မူတည်ပြီး ပေါင်းချိန်များ ကွာခြားနိုင်တဲ့အတွက် အချိန်ကို လိုတိုးပိုလျှော့ လုပ်ပေးပါ။

No comments:

Post a Comment