Friday 6 September 2019

ရောင်ချယ် ကောက်ညှင်းပေါင်း








ဒီနေ့တော့ ကောက်ညှင်းဆန်ကို သရက်သီးအနှစ် အောင်မည်းညိုပန်း အရည်နဲ့ ဆွမ်းမွှေးရွက် အရည်တို့နဲ့အရောင်သွင်းပြီး ပေါင်းထားတဲ့ ကောက်ညှင်းပေါင်း မွှေမွှေးလေးကို ပေါင်းဖြစ်ပါတယ်။

 ကောက်ညှင်းပေါင်း မွှေးမွှေးလေးကို စိတ်ကူးရသလို ပေါင်လိုက်ပြီး အုန်းနို့ဆမ်းကာ စားဖို့ပြင်ဆင်ခဲ့အတွက် မာမာပေါင်းတဲ့ ကောက်ညှင်းပေါင်း နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကောက်ညှင်းဆန် - လေးဗူး (ထမင်းပေါင်းအိုး ဆန်ချင်ဗူး)
  2. ရေ - 1200 ml (ကောက်ညှင်းပေါင်းအိုး အောက်ခံအိုးတွင် ထည့်ပေးရန် )
  3. သကြား - 1/2 cup ( မုန့်လုပ်ရာတွင် ချဉ်သောခွက်) အချိုကြိုက်ပါက ပိုထည့်ပါ
  4. Coconut cream - 1 cup (အုန်းဆီချက်ရန်)
  5. ဆီ - ထမင်းစားဇွန်း ၅ဇွန်း (အုန်းဆီချက်ရန်)
  6. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ( အုန်းဆီချက်ရန်)
  7. ဆွမ်းမွှေးရွက် - 600 ml (ပိုင်းဖြတ်ပြီးသား)
  8. ရေ - 300 ml (ဆွမ်းမွှေးရွက်ကြိတ်ရန် )
  9. ကြိတ်ပြီးရလာသော ဆွမ်းမွှေးရည် - ထမင်းစားဇွန်း လေးဇွန်း
  10. သရက်သီး - အလုံးကြီးကြီး တစ်လုံး
  11. ရေ - 300 ml (သရက်သီးကြိတ်ရန်)
  12. ကြိတ်ပြီးရလာသော သရက်သီးအနှစ် - ထမင်းစားဇွန်း လေးဇွန်း
  13. အောင်မည်းညိုပန်းပွင့် - လက်တစ်ဆုတ်စာ
  14. ရေ - 300 ml (အောင်မည်းညိုပန်းကြိတ်ရန်)
  15. ကြိတ်ပြီးရလာသော အောင်မဲညိုပန်းအရည် - ထမင်းစားဇွန်း လေးဇွန်း
ဆွမ်းမွှေးရည်ကြိတ်ရန်
  • ဆွမ်းမွှေးရွက်ကို အနေတော်လေးတွေ ပိုင်းပေးပါ
  • အသီးအရွက်ကြိတ်သော ဗလင်ဒါထဲမှာ အရွက်များနှင့် ရေကိုထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • အရွက်များ ညက်သွားတာနဲ့ ဇလုံတလုံးပေါ်မှာ ပိတ်ပါးစလေး ခွံပေးပါ သွန်ချပေးပါ
  • ပိတ်ပါးစလေးကို ထိပ်ဖက်မှ စုစီးကာ အသာလေး မယူပြီး အရည်များ ညှစ်ယူပေးကာ အဖတ်များကို သွန်ပလိုက်ပါ
  • ဆွမ်းမွှေးရည်ကို လိုသလောက် သုံးပေးပြီး ပိုတာကို ရေခဲသေတ္တာထဲမှာ ခဲထားပါ။
အောင်မည်းညိုပန်း အရည်ကြိတ်ရန်
  • ပန်းပွင့်ကို ရေစင်အောင်ဆေးပြီး ရေနှင့်အတူ ဗလင်ဒါထဲထည့်ပေးပါ
  • ပြီးတာနဲ့ ပန်းပွင့်များ ညက်နေအောင် ကြိတ်ပေးပါ
  • ဇလုံတလုံးပေါ်မှာ ပိတ်ပါးစလေးခံပြီး သွန်ချပေးပါ
  • ပိတ်ပါးစလေးကို ထိပ်ဖက်မှ စုစီးကာ အသာလေး မယူပြီး အရည်များ ညှစ်ယူပေးကာ အဖတ်များကို သွန်ပလိုက်ပါ
  • ပန်းပွင့်အရည်ကို လိုသလောက် သုံးပေးပြီး ပိုတာကို ရေခဲသေတ္တာထဲမှာ ခဲထားပါ။
သရက်သီး အရည်ကြိတ်ရန်
  • သရက်သီးတစ်လုံးကို အခွံခွာပြီး အစေ့ကိုဖယ်ကာ အနေတော် အစိတ်လေးတွေလှီးပြီး ဗလင်ဒါထဲမှာ ရေနှင့်အတူ ထည့်ပေးပါ
  • ပြီးတာနဲ့ သရက်သီး လှီးပြီးသားကို ညက်နေအောင် ကြိတ်ပေးပါ
  • ဇလုံတလုံးပေါ်မှာ ပိတ်ပါးစလေးခံပြီး သွန်ချပေးပါ
  • ပိတ်ပါးစလေးကို ထိပ်ဖက်မှ စုစီးကာ အသာလေး မယူပြီး အရည်များ ညှစ်ယူပေးကာ အဖတ်များကို သွန်ပလိုက်ပါ
  • သရက်သီး အနှစ်ကို လိုသလောက် သုံးပေးပြီး ပိုတာကို ရေခဲသေတ္တာထဲမှာ ခဲထားပါ။
အုန်းဆီချက်ပုံ
  • ဇောက်နက်ပြီး အောက်ခြေမကပ်သော အိုးထဲကို အုန်းနို့ထည့်ပြီး မီးအနေတော်နှင့် တည်ပေးပါ
  • အုန်းနို့က တည်ထားစဉ် ပွက်ပွက်ဆူလာပြီး ဝေကျတတ်တဲ့အတွက် ဇောက်နက်ပြီး မကပ်သောအိုးကို သုံးပေးပါ
  • အုန်းနို့အိုး ပွက်ပွက်ဆူလာပြီး ရေအနည်းငယ် ခမ်းလာပါ ဆီနှင့်ဆားကိုထည့်ပြီး မွှေပေးပါ
  • အုန်းနို့များ ဥလာပါက မီးပိတ်ပြီး လက်ကျန်အပူရှိန်နဲ့ ဆက်တည်ထားပေးပါ
  • ဆီသံကြားလာပြီး အုန်းနို့နံ့သင်းလာတာနဲ့ အုန်းဆီချက် မွှေးမွှေးလေး ရပါပြီ
  • လိုသလောက်သုံးပြီး ပိုနေပါက ထမင်းပူပူနှင့် နယ်စားနိုင်သလို အုန်းထမင်းချက်ရာမှာလဲ ပြန်သုံးလို့ရတဲ့အတွက် လိုတဲ့အခါ ပြန်သုံးနိူင်အောင် ရေခဲသေတ္တာထဲမှာ  ထည့်ပြီးခဲထားနိူင်ပါတယ်။
ပြင်ဆင်ပုံ
  • ကောက်ညှင်းဆန်ကို ဇလုံတလုံးထဲမှာထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ရေ၉နာရီခန့် ရေစိမ်ထားပါ
  • ရေစိမ်ထားချိန် ပြည့်တာနဲ့ ကောက်ညှင်းဆန်ကို လေးပုံပုံပေးပါ
  • အဖြူကို သပ်သပ်ထားပြီး ကျန်သုံးပုံကို တရောင်စီ အရောင်သွင်းပေးပြီး တနာရီလောက် နှပ်ထားပေးပါ
  • ပြီးတာနဲ့ ပေါင်းခံဇကာထဲမှာ လေးပုံပုံပြီး ထည့်ပေးပါ
  • ပေါင်းအိုးအောက်ခံအိုးထဲမှာ ရေထည့်ပြီး ပေါင်းခံဇကာကို တင်ပေးပါ
  • ပြီးတာနဲ့ ပေါင်းအိုးမှ ပေါင်းမည့်ခလုတ်နှိပ်ပြီး မိနစ်၂၀ချိန်ပေးကာ ပေါင်းပေးပါ
  • ကောက်ညှင်ပေါင်းချိန် ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကို ကုန်အောင်ထုတ်ပြီးမှ အဖုံးဖွင့်ပေးပါ
  • ပြီးတာနဲ့ အုန်းဆီမွှေးမွှေးလေး ဆမ်းပေးကာ ကောက်ညှင်းပေါင်းပူပူလေးကို သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment