Thursday 12 September 2019

ချင်းအမျှင် ကြက်သားနှပ်ကြော်











ဒီနေ့တော့ ချင်းနံ့လေးသင်းပြီး စားလို့အရမ်းကောင်းလွန်းတဲ့ ဟင်းတမယ် ချက်နည်းလေးကို ထမင်းမြိန်မိမြိန် စားရအောင် မာမာပြင်ဆင်တဲ့ နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ရင်ပုံသား - 200 g
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. မုံလာဥနီ - အနေတော် တစ်ဥ
  5. မှိုခြောက် - ဆယ်ပွင့်ခန့်
  6. ပဲလိပ် - အနေတော် ၃ရွက်
  7. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
  9. သကြား - ထမင်းစားဇွန်း ၂ဇွန်း
  10. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တဇွန်း
  11. ဆီ - ထမင်းစားဇွန်း ၅ဇွန်း (ချိုချဉ်ကြော်ရန်)
ဆော့စ်ရည်လုပ်နည်း
  1. သကြား -၂ဇွန်း
  2. ပဲငံပြာရည် - ၁ဇွန်း
  3. သံပုရာရည် - ထမင်းစားဇွန်း ဇွန်းတဝက်
  4. ရေ - လက်ဖက်ရည်ပန်းကန်လုံး တလုံးစာ
  5. ဆား - အနည်းငယ် (အထက်ပါ ပါဝင်ပစ္စည်း အားလုံးကိုရောပြီး ဆော့စ်ရည်အဖြစ် မွှေထားပါ)
ပြင်ဆင်ပုံ
  • ကြက်သားကို ရေစင်အောင်ဆေးပြီး ခပ်ပြားပြားလေးတွေ လှီးပေးကာ ဆားအနည်းငယ် ခရုဆီ အချိုမှုန့်အနည်းငယ်တို့နှင့် အရသာ အနည်းငယ် နယ်ထားပေးပါ
  • ကြက်သွန်နီကို လေးစိတ်ခွဲပြီး အလွှာတွေရအောင် ခွာထုတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ထားပါ
  • မုံလာဥနီကို အခွံခွာပြီး မိမိနှစ်သက်သလို လှီးထားပါ
  • မှိုခြောက်ကို ရေမြုပ်အောင်ထည့်ပြီး တနာရီခန့် စိမ်ထားပါ
  • မှိုများ ရေဝပြီး ပွလာပါက မှိုမှာကပ်နေသော သဲနှင့်ကျောက်ခဲများ စင်သွားအောင် ရေများများထဲမှ ပွတ်ပွတ်ပြီး ဆေးပေးပါ
  • ပဲလိပ်များကိုလဲ ရေပြုပ်အောင်ထည့်ပြီး စိမ်ထားပေးပါ
  • ဒယ်အိုးတစ်လုံးကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် အရသာ နယ်ထားသော ကြက်သားကို ထည့်ကြော်ပါ
  • ကြက်သားအသားများ မာပြီးတင်းလာပါက ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ပေးကာ တည်ပေးပါ
  • ရေခမ်းပြီး ဆီသံကြားလာပါက အိုးအဖုံးဖွင့်ပေးပြီး အသားများကို သမအောင် မွှေပေးကာ အိုးထဲမှ ခပ်ထားပေးပါ
  • ပြီးတာနဲ့ ထိုအိုးထဲမှာ ဆီထမင်းစားဇွန်း နှစ်ဇွန်းလောက် ထပ်ထည့်ပေးပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကို ထည့်ကြော်ပေးပါ
  • ကြက်သွန်များ အနည်းငယ် နွမ်းသွားပါက မှိုခြောက် ပဲလိပ်နှင့် မုံလာဥနီတို့ ထည့်ပေးကာ ဆော့စ်ရည် လောင်းထည့်ပြီး အရသာ သမသွားအောင် မွှေပေးပါ
  • အရသာ သမသွားတာနဲ့ ကြော်ပြီးဖယ်ထားသော ကြက်သားများ ထည့်မွှေပေးပါ 
  • ပြီးတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ မီးပိတ်ပေးပါ
  • အရမ်းစားလို့ ကောင်းလွန်းတဲ့ ချင်းအမျှင် ကြက်သားကြော်ကို စားသုံးရန် ပြင်ဆင်ပေးနိူင်ပါပြီ။

No comments:

Post a Comment