Wednesday 4 September 2019

မျောက်ငိုသီး ဂဏန်းထောင်း









ဒီနေ့တော့ မျောက်ငိုသီးလေးတွေ ဝယ်ထားလို့ ဓညင်းသီးနံ့လေးလို မွှေးနေတဲ့ မျောက်ငိုသီးနဲ့ ဂဏန်းကို ထမင်းလွတ် စားမှာမို့လို့ ဂဏန်းကိုပေါင်းပြီး  မျောက်ငိုသီး အစိမ်းနဲ့  ထောင်းပါတယ် ဒါကြောင့်မို့လို့ စားလို့အရမ်းကောင်းလွန်းတဲ့ မာမာပြင်ဆင်ပြီးထောင်းဖြစ်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းမျာ
  1. မျောက်ငိုသီး - မိမိစားနိူင်သလောက်
  2. ဂဏန်း - အကောင်ကြီးကြီး တစ်ကောင်
  3. ငရုတ်သီး အခြောက်တောင့် - ၅တောင့်
  4. ထန်းလျှက်ခဲ - ကွမ်းသီးဆံ အလုံးလောက် တစ်ခဲ
  5. အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ကြက်သွန်ဖြူ-  အမွှာကြီးကြီး ၃မွှာ
  8. ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တဇွန်း
  9. ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တဇွန်း 
  10. ဂဏန်းငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  11. သံပုရာသီး - တစ်လုံး (အချဉ်ကြိုက်ပါက ပိုထည့်ပါ )


ပြင်ဆင်ပုံ
  • မျောက်ငိုသီးကို ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်း ခြမ်းပေးထားပါ
  • ဂဏန်းကို မလိုတာတွေဖယ်ပြီး ရေဆေးထားပါ
  • ရေဆေးပြီးတာနဲ့ ပေါင်းအိုးဇကာထဲမှာ ထည့်ပေးပါ
  • ပေါင်းအိုးအောက်ခံအိုးထဲမှာ ရေထည့်ပြီး ပေါင်းခံခုံနှင့် ပေါင်းခံဇကာကို ထည့်ပေးပြီး အဖုံးအုပ်ကာ ၅မိနစ် ခလုတ်ကို နှိပ်ပြီး ပြုပ်ပေးပါ
  • ဂဏန်းပြုပ်ထားသော အချိန်ပြည့်တာနဲ့ အိုးအဖုံးဖွင့်ပြီး အ​ေအးခံထားပါ

ဂဏန်းထောင်းရန်ပြင်ဆင်ပုံ
  • ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ထန်းလျှက်ခဲ ကြက်သွန်ဖြူ ငရုတ်သီးအခြောက်တောင့်နှင့် ဆားတို့ကိုထည့်ပြီး မညက်တညက် ထည့်ထောင်းပါ
  • အနည်းငယ် သမသွားတာနဲ့ ငံပြာရည် သုံးမျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ
  • ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ
  • မိမိအသုံးပြုပြီး ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး မျောက်ငိုသီးကိုထည့်ပြီး ကြည့်ထောင်းပါ
  • ကျောက်ကျည်ပွေ့ဆိုပါက ၅ချက်လောက် ခပ္ဖြဖြေလး ထောင်းပေးပါ 
  • သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၀ချက် လောက် ခပ်ဖွဖွလေး ထောင်းပေးမှ အရသာ၀င်ပါတယ်
  • အရသာ သမလောက်ပြီဆိုတာနဲ့ ဂဏန်းနှင့် သံပုရာရည်တို့ကို ထည့်ပြီး ခပ်ဖွဖွလေး ၄ချက်လောက် ထောင်းပေးပါ
  • ​ေထာင်းနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရသာ ရတဲ့အထိ ပြင်ပေးပါ
  • ပြီးတာနဲ့ ဂဏန်း မျောက်ငိုသီးထောင်း ချိုချဉ်ငံစပ်လေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment