မာမာကြော်ဖြစ်တဲ့ အကြော်လေး တစ်ခုပေါ့ ပုဇွန်ခေါင်းချိုးလေးတွေကို ခေါင်းချိုးပြီး တန်ပူရာမှုန့်လေးနဲ့ကြော်ထားလို့ မွှေးမွှေးကြွတ်ကြွတ်လေး စားလို့အရမ်းကောင်းပါတယ်။
မာမာချက်တဲ့ဟင်းလေးတွေက အရမ်းကိုလွယ်ပါတယ် ချက်ရတာလဲမြန်ပါတယ် စိတ်ပါလို့ အခုကြော်ထားတဲ့ ပုဇွန်ကြော်လေးကို ကြော်စားကြည့်မယ်ဆိုရင် ကြော်နည်းလေး ပြောပြပါ့မယ်။
ပုဇွန်ကြော် ကြော်ရန်အတွက်
- ရေဆေးပြီးခေါင်းဖြုတ်ထားသော ပုဇွန်အသေး - 150 g
- တန်ပူရာမှုန့်. - ထမင်းပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
- ရေ. - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ကြက်သားမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဝက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
ပုဇွန်ကြော်လေး ကြော်ပါမယ်
- ပုဇွန် ကြက်သားမှုန့် နနွင်းမှုန့်တို့ကို အရသာနယ်လိုက်ပါ
- တန်ပူရာမှုန့်ကို ရေနှင့်ဖျော်ထားပြီး ပုဇွန်အရသာနယ်နှင့် နယ်ပေးထားပါ
- ဆီကို မီးပြင်းပြင်းနဲ့အပူပေးပြီး ဆီပူလာပါက မီးကို အနေတော်လျော့ပေးပါ
- ပုဇွန်တန်ပူရာမှုန့် နယ်ထားတာကို ပန်းကန်ပြားပြန့်ပြန့်လေးထဲ ဖျန့်ထဲ့ပေးပြီး ဆီပူအိုးထဲသို့ အသာတွန်းချပြီး ထဲ့ကြော်ပေးပါ
- တစ်ဖက်ကျက်ရင် တစ်ဖက်ကိုလှန်ပေးပြီး ရွှေဝါရေင်ဖြစ်လာတဲ့ထိကြော်ပေးပြီးပါ
- ကျက်တာနဲ့ ဆယ်ပြီးဆီစစ်ပေးထားပါ
- ဆီစစ်သွားရင် သုံးဆောင်နိုင်ပါပြီ။