အချိုပွဲအတွက် ဒီနေ့တော့ စပါကလင်ကျောက်ကျော သာကူ ကန်စွန်းဥတို့နဲ့ အုန်းနို့ ချိုစိမ့်စိမ့်လေး လုပ်စားဖြစ်ပါတယ် လုပ်နည်းလေးက အရမ်းကို လွယ်ပါတယ်။
ဒါပေမဲ့ ကိုယ်အသုံးပြုမဲ့ ကန်စွန်းဥများက နူးချိန်မတူနိူင်တဲ့အတွက် ကန်စွန်းဥ ပြုပ်ချိန် အပေါ်မှာ မူတည်ပြီး ချင့်ချိန်ကာ ပြုပ်စေချင်ပါတယ်။
ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ မုန့်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ကန်စွန်းဥ - အရောင် သုံးမျိုး
- အုန်းနို့ - ၄၀၀ မီလီမီတာ (ready made အုန်းနို့ဗူးကို သုံးထားပါတယ် )
- သကြား - ထမင်းစားဇွန်း ၆ဇွန်းမောက်မောက် (အချိုကြိုက်လျှင် ပိုထည့်ပါ)
- စပါကလင်ကျောက်ကျော - မိမိနှစ်သက်သလောက်
- သာကူကျိုပြီးသား - မိမိနှစ်သက်သလောက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ရေ - ၁၂၀၀ မီလီမီတာ (အုန်းနို့နှင့်ရောကျိုရန်)
ပြင်ဆင်ပုံ
- ကန်စွန်းဥများကို အခွံခွာပြီး ရေဆေးထားပါ
- ရေဆေးပြီးတာနဲ့ ပုံပါအတိုင်း အတုံးလေးတွေ တုံးပေးထားပါ
- ပေါင်းခံဇကာထဲမှာ ကန်စွန်းဥများကိုထည့်ပြီး ပေါင်းအိုးထဲမှာ ထည့်ကာ နူးတဲ့အထိ ပေါင်းပေးထားပါ
- သာကူကိုကျိုပြီး အအေးခံထားပါ
- စပါကလင် ကျောက်ကျောကိုကျိုပြီး အအေးခံကာ လှီးထားပါ
- ဇောက်နက်သော အိုးတစ်လုံးထဲမှာ အုန်းနို့ သကြား ဆားနှင့်ရေတို့ထည့်ပြီး ပွက်ပွက်ဆူအောင် ကျိုပေးပါ
- အုန်းနို့များ ပွက်ပွက်ဆူလာတာနဲ့ မီးပိတ်ကာ အအေးခံထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ မိမိနှစ်သက်သလို ပြင်ပေးပြီးပါက ကန်စွန်းဥ အုန်းနို့ကျို ချိုချိုစိမ့်စိမ့်လေးကို သုံးဆောင်ရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment