ပါဝင်ပစ္စည်းများ
- ဝက်သား သုံးထပ်သား - 350 g
- ဗီနီကာ - ထမင်းစားဇွန်း နှစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ချင်း - လက်တစ်ဆစ်ခန့်
ဝက်သားပြုပ်ပုံ
- ဝက်သားကို ရေဆေးပြီး ဆား အရသာမှုန့်နှင့် ဗီနီကာတို့ထည့်ကာ နယ်ထားပါ
- ချင်းကိုအခွံခွာပြီး ရေဆေးကာ ထောင်းထားပါ
- ပြီးတာနဲ့ အိုးထဲမှာ ရေထည့်ပြီး ထောင်းထားသော ချင်းကိုထည့်ပြီး ပြုပ်ပေးပါ
- ရေများ ပွက်ပွက်ဆူလာပါက အရသာ နယ်ထားသော ဝက်သားတုံးကို ထည့်ပြုပ်ပေးပါ
- ဝက်သားများ အနေတော် နူးလာပါက ဆယ်ပြီးရေစစ်ထားပါ။
အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများ
- ဝက်သားပြုပ်ပြီးသား
- အရသာမှုန့်
- ငါးငံပြာရည်
- ငရုတ်ဆီ
- ဂေါ်ဖီ
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- သခွားသီး
- နံနံပင်
- သံပုရာသီး
- ငရုတ်သီးစိမ်း
အသုပ်သုပ်ရန် ပြင်ဆင်ပုံ
- ရေစစ်ထားသော ဝက်သားတုံးကို မထူမပါးလေးတွေ လှီးထားပါ
- ငရုတ်ဆီ အရသာမှုန့်နှင့် ငါးငံပြာရည်တို့ကို အဆင်သင့် ပြင်ထားပါ
- ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- သခွားသီးကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- နံနံပင်ကို ရေဆေးပြီး မထူမပါးလေးဆွေ လှီးထားပါ
- သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး ဓါးပြားရိုက်ထားပါ
အသုပ်သုပ်ပုံ
- ဇလုံတစ်လုံးထဲမှာ ဝက်သား ငရုတ်ဆီ ဂေါ်ဖီ ကြက်သွန်နီ ကြက်သွန်ဖြူ သခွားသီး နံနံပင်နှင့် ငရုတ်သီးစိမ်းတို့ ထည့်ပေးပါ
- ပြီးတာနဲ့ ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ကာ သံပုရာရည်ညှစ်ပြီး နယ်ပေးပါ
- အရသာ သမအောင် နယ်ပြီးတာနဲ့ အရသာ မြည်းပေးကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
- အရသာ သမသွားတာနဲ့ အရမ်းစပ်ပြီး စားလို့ကောင်းလွန်းတဲ့ ဝက်သားသုပ်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment