ပါ၀င်ပစ္စည်းများ
- ဆယ်လ်မွန်ငါး - အနေတော် တစ်တုံး
- ဆား - အနည်းငယ်
- ငရုတ်ကောင်းမှုန့် - အနည်းငယ်
- ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ပြင်ဆင်ပုံ
- ငါးကိုရေဆေးပြီး ရေစစ်ထားပါ
- ရေစစ်ထားသောငါးကို ဆား ငရုတ်ကောင်းမှုန့်တို့ဖြင့် ခပ်ဖွဖွ နယ်ပေးပါ
- အသားငါးကင်သော အကင်အိုးကို အသုံးမပြုပါက အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ
- အိုးပူလာပါက ဆီထည့်ပြီး မီးကိုအနည်းငယ်လျှော့ပြီးမှ အရသာ နယ်ထားသော ငါးကို အရည်ခွံဘက်မှ စပြီးထည့်ပေးပါ
- ငါးရဲ့အရည်ခွံဖက်ကို ၃မိနစ်လောက် ကင်ပေးပြီးမှ နောက်တဖက်ကို လှန်ပေးပြီး ဆက်ကင်ပါ
- အသားဖက်အခြမ်းကို နှစ်မိနစ်လောက်ဘဲ ကင်ပေးပါ
- ငါးအသား ကျက်ပြီဆိုတာနဲ့ ဆယ်လ်မွန်ဘငါးကင် မွှေးမွှေးလေးကို ထမင်းပူပူလေးနှင့် သုံးဆောင်နိူင်ပါပြီ။
No comments:
Post a Comment