ဒီနေ့တော့ ကြက်သွန်ဖြူနဲ့ ငရုတ်သီး လုံးခြမ်းကွဲတို့ကို ခပ်စပ်စပ်လေးကြော်ပါတယ် ထမင်းကြော်နဲ့ တွဲဖက်ပြီး စားလို့အရမ်းကောင်းသလို ချဉ်ရည်ဟင်း ပဲဟင်းချိုနဲ့ လိုက်ဖက်လွန်းပါတယ်။
စားချင်တဲ့အချိန် အလွယ်တစ်ကူ ရလေအောင် ငရုတ်သီးကြော်လေးကို ခပ်များများလေး ကြော်ဖြစ်သွားခဲ့ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကြက်သွန်ဖြူ - အမွှာကြီး အမွှာသုံးဆယ်ခန့်
- ငရုတ်သီးလုံးခြမ်းကွဲ - ထမင်းစားဇွန်း ငါးဇွန်း
- ဆီ - ဟင်းခတ်ဇွန်းကြီး နှစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
- ငါးငံပြာရည် - ထမင်းစားဇွန်း ငါးဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
ပြင်ဆင်ပုံ
- ကြက်သွန်ကိုဖြူ အခွံခွာပြီး အလုံးလိုက်ရေဆေးကာ မညက်တစ်ညက် ထောင်းထားပါ
- အားလုံးအဆင်သင့် ဖြစ်ပါက ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီလာပါက နနွင့်းမှုန့်ထည့်ကာ ကြက်သွန်ကိုဖြူ ထည့်ကြော်ပေးပါ
- ကြက်သွန်များဖြူ နွမ်းလာပြီး အရောင်မပြောင်းခင်မှာ ငရုတ်သီးမှုန့်ကို ထည့်ပြီး ၂မိနစ်လောက် ကြော်လိုက်ပါ
- ငရုတ်သီးနံ့ မွှေးလာပါက မီးကိုအနေတော် လျော့ပေးပြီး ရေစစ်ထားသော ငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ပြီး မွှေပေးပါ
- မကြာမကြာ မွှေပေးပြီး ကြော်ပေးကာ အရသာမြည်း၍ လိုသလို ပြင်ပေးပါ
- ငံပြာရည်နံ့ သင်းလာပါက မီးပိတ်ပေးပြီး ပန်းကန်ထဲ ပြောင်းထည့်ပေးပါ
- ကြက်သွန်ဖြူ ငရုတ်သီး ငံပြာရည်ချက် စပ်စပ်မွှေးမွှေးလေး ရပြီဆိုတာနဲ့ နှစ်သက်ရာ တို့စရာတို့ဖြင့် တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment