ဒီနေ့တော့ ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ မန်ကျည်းသီးမှည့် ဖျော်ရည်လေး လုပ်သောက်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ ဖျော်ရည်ဖျော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- မန်ကျည်းသီးမှည့် - ကြက်ဥတစ်လုံးစာ
- ထန်းလျှက်ခဲ - ပုံမှန်အနေအထား လေးခဲ
- ဆား - လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး
- ရေနွေးပွက်ပွက်ဆူပြီးသား - ပုံမှန်ဖန်ခွက် နှစ်လုံးစာ
ပြင်ဆင်ပြုလုပ်ပုံ
- မန်ကျည်းသီးမှည့်ကို ရေနှင့် ခပ်ဖွဖွလေး ဆေးပေးပါ
- ထန်းလျှက်ခဲများကိုလဲ ရေနှင့်ခပ်ဖွဖွလေး ဆေးပေးပါ
- ပြီးတာနဲ့ ဇလုံတစ်လုံးထဲမှာ မန်ကျည်းသီးမှည့် ထန်းလျှက်ခဲ ဆားနှင့် ရေနွေးတို့ထည့်ကာ အနည်းဆုံး သုံးနာရီလောက် စိမ်ထားပါ
- မန်ကျည်းသီးများ နူးအိလာပြီး ထန်းလျှက်ခဲများ အရည်ပျော်လာပါက လက်ကိုရေဆေးပြီး မန်ပျည်းသီး အနှစ်များ ထွက်လာအောင် နယ်ပေးပါ
- ပြီးတာနဲ့ ဖန်ခွက်ထဲသို့ အဖတ်များ မပါအောင် ထည့်ပေးပြီး ရေခဲလေးနှင့် နှစ်သက်ပါက ရေခဲထည့်ကာ သောက်သုံးနိူင်ပါပြီ။
No comments:
Post a Comment