ဒီနေ့တော့ မိုးထဲလေထဲ ချမ်းလိုက်တာလဲ ခိုက်ခိုက်တုန်နေပြီး မာမာတို့နေတဲ့ မြို့လေးမှာ ရေတွေလဲ ကြီးလို့နေပါတယ်။
ဒီတော့လဲ အချမ်းပြေဖို့အတွက် အိမ်မှာအဆင်သင့် ရှိနေတဲ့ မှိုခြောက်လေးတွေနဲ့ ဟင်းချိုရည်လေး ချက်ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ အရည်သောက်ဆမ်း ဟင်းချိုတစ်မယ်အတွက် အလွယ်ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ဟင်းချိုရည်ထဲထည့်တဲ့ အသီးအရွက်တွေကတော့ မိမိနှစ်သက်တဲ့ အသီးအရွက်တွေ ထည့်နိူင်ပါတယ်။
ပါဝင်ပစ္စည်းများ
- မှိုခြောက် - ဆယ်ပွင့်
- ကြက်သွန်မိတ် - နှစ်ပင်
- နံနံပင် - နှစ်ပင်
- သံပုရာသီး - တစ်လုံး
- ခေါက်ဆွဲဖတ် - အနည်းငယ်
- ဆား - လိုသလောက်
- အရသာမှုန့် - လိုသလောက်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ရေ - 5 cups
ပြင်ဆင်ပုံ
- မှိုကို ရေမြုပ်အောင်ထည့်ပြီး တစ်နာရီလောက် စိမ်ထားပါ
- ပြီးတာနဲ့ မှိုကို အနေတော်လေးတွေ ပိုင်းဖြတ်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- သံပုရာသီးကို ရေဆေးကာ အစိတ်လေးတွေ စိတ်ထားပါ
- ကြက်သွန်မိတ်နှင့် နံနံပင်ကို ရေဆေးကာ အနေတော်လေးတွေ လှီးထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲမှာ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေပွက်ပွက် ဆူလာတာနဲ့ မှို ဆားနှင့် အရသာမှုန့်တို့ထည့်ပြီး တည်ပေးပါ
- ပြီးတာနဲ့ ကြက်သွန်ဖြူနှင့် အသီးအရွက်တို့ကို ထည့်ပေးပြီး ဆက်တည်ပေးပါ
- ဟင်းရေ ပွက်ပွက်ဆူလာတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
- အရသာ ပြင်ပြီးတာနဲ့ ပန်ဟးကန်င်းလုံးထဲမှာ ခေါက်ချိုဆွဲဖတ်ရ ထည့်ပေးပါ
- ထိုခေါက်ဆွဲဖတ်ထဲကို ဟင်းရည်ပူပူလေး ဆမ်းပေးကာ ကြက်သွန်မိတ်နှင့် နံနံပင်တို့ ဖြူးပေးပါ
- ပြီးတာနဲ့ ဟင်းရည် ပူပူလေးထဲကို သံပုရာရည် ညှစ်ပေးကာ သောက်သုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment