ပါဝင်ပစ္စည်းများ
- အပ်မှို - 250 g
- ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း နှစ်ဇွန်း
- မန်ကျည်းသီးမှည့်အနှစ် - ထမင်းစားဇွန်း တစ်ဝက်သာသာ
- မာလာအနှစ် - ထမင်းစားဇွန်း နှစ်ဇွန်း
- ပဲငပိအချို - ထမင်းစားဇွန်း နှစ်ဇွန်း
- နံနံပင် - မိမိနှစ်သက်သလောက်
- ဆီ - ထမင်းစားဇွန်း သုံးဇွန်း
- ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
ပြင်ဆင်ပုံ
- အပ်မှိုကို မလိုတာတွေဖယ်ပြီး ရေဆေးကာ ရေစစ်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲမှာ ဆီထည့်ကာ အပူပေးပါ
- ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
- ကြက်သွန်ဖြူ အနည်းငယ် နွမ်းလာတာနဲ့ မာလာအနှစ် ပဲငံပြာရည် မန်ကျည်းမှည့်အနှစ် ပဲငပိနှင့် ရေတို့ထည့်ပြီး မွှေပေးပါ
- ရေပွက်ပွက် ဆူလာတာနဲ့ အပ်မှိုကို ထည့်မွှေပေးကာ သုံးမိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးကာ နံနံပင် ထည့်မွှေပေးပါ
- ပြီးတာနဲ့ စားသုံးရန်အတွက် အပ်မှိုအစပ် ဟင်းပွဲလေးကို ပြင်ပေးလို့ ရပါပြီ။
No comments:
Post a Comment