သရက်သီး ပေါ်တုန်းလေး အမျိုးမျိုး လုပ်စားဖြစ်သလို ဒီနေ့တော့ သရက်သီး အစိမ့်သုပ်လေးသုပ်ကာ ဒန့်ဒလွန်သီး ဟင်းခါးလေးနဲ့ လိုက်ဖက်လွန်းကာ ချဉ်ငံစပ်ပြီး မွှေးနေတဲ့ သရက်သီးစိမ်းသုပ် သုပ်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- သရက်သီးစိမ်း - ခပ်ကြီးကြီး တစ်လုံး
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
- နှမ်းဖြူလှော်ထောင်း - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
- မပဲလှော်ထောင်း - လက်ဖက်ရည်ဇွန် သုံးဇွန်း
- ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- မြေပဲဆီစိမ်း - ထမင်းစားဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ
- သရက်သီးစိမ်းကို အညှာဖက်မှလှီးပြီး ရေနိုင်နိုင်ဆေးကာ အစေးထုတ်ပေးပါ
- ပြီးတာနဲ့ အခွံခွာကာ သရက်သီးခြစ်နှင့် ခြစ်ပေးပါ
- ဒယ်အိုးထဲမှာ နှမ်းဖြူ ကိုထည့်ပြီး နီညိုလေး သန်းလာအောင် လှော်ပေးပြီး ထောင်းထားပါ
- မြေပဲလှော်ပြီးသားကို အခွံခွာပြီး သန့်စင်ပေးကာ မညက်တစ်ညက် အနေအထားရအောင် ထောင်းထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများ အားလုံးကို ဇလုံတစ်လုံးထဲထည့်ကာ ဖွဖွလေးရောနယ်ပေးပါ
- အရသာ သမသွားတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးကာ စားပွဲပြင်ပေးပါ
- ဒန့်ဒလွန်သီး ဟင်းခါးနှင့် တွဲဖက်စားရန် အရသာ ရှိလှသော မြေပဲနှမ်းထောင်း သရက်သီးသုပ်လေးကို စားသုံးရန် အသင့် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment