ဒီနေ့တော့ butter chicken နဲ့ အရသာသွင်းကာ ကြက်သားဟင်းလေး တစ်မယ် ချက်ဖြစ်တဲ့အတွက် ထမင်းကတော့စားလို့ မြိန်ခဲ့ပြန်ပါတယ်။
အရသာကမွှေးပြီး စပ်စပ်လေးမို့လို့ butter chicken အရသာ ready made ပုလင်းလေး ရခဲ့ရင်တော့ ကြက်သားဟင်းလေး ချက်စားကြည့်စေချင်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကြက်ရင်ပုံသား - 350 g
- ဆား - လက်ဖက်ရည်ဇွန်း တpfဝက်
- Butter chicken - ထမင်းစားဇွန်း သုံးဇွန်း
- ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်းခန့်
ပြင်ဆင်ပုံ
- ကြက်ရင်ပုံသားကို ရေဆေးပြီး ပုံပါအတိုင်း အမြှောင်းရှည်ရှည်လေးတွေ တုံးပေးပါ
- တုံးထားသော ကြက်သားကို ဆား butter chicken အနှစ်တို့နှင့်ရောနယ်ကာ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၅နာရီလောက် နှပ်ထားပေးပါ
- ဇောက်အနည်းငယ်နက်သော အိုးတစ်လုံးထဲမှာ ဆီကိုအပူပေးပါ
- ဆီပူလာတာနဲ့ ကြက်သားကိုထည့်ပြီး အသားများ မာလာအောင် တစ်ဖက်စီလှည့်ပြီး တည်ပေးပါ
- အသားများ မာလာပြီ ဆိုတာနဲ့ ကြက်သားထဲကို ရေအနည်းငယ်ထည့်ကာ အိုးအဖုံးအုပ်ပြီး ချက်ပေးပါ
- ရေကို နည်းနည်းချင်းစီ ထည့်ပေးပြီး ကြက်သား နူးတဲ့အထိ တည်ပေးပါ
- ကြက်သား အသားများ နူးလာပြီး ရေမခမ်းခင် အရသာ မြည်းကာ လိုသလိုပြင်ပေးပြီး ဆီကျန်ရေကျန် ဖြစ်လာတာနဲ့ မီးပိတ်ပေးပြီး သုံးဆောင်ရန် ပြင်နိုင်ပါပြီ။
No comments:
Post a Comment