Thursday 23 November 2017

ထောပါတ် ကြက်သားကင်









ဒီနေ့တော့ butter chickenအနှစ်နဲ့ အရသာသွင်းကာ ကြက်သားလေး ကင်ဖြစ်တဲ့အတွက် ထမင်းကတော့ စားလို့ကောင်းခဲ့ပြန်ပါတယ် အရသာကမွှေးပြီး စပ်စပ်လေးမို့လို့ butter chicken အရသာ ရယ်ဒီမိတ် ပုလင်းလေး ရခဲ့ရင်တော့ ကြက်ကင်လေး ကင်စားကြည့်စေချင်ပါတယ်ရှင်။

 အရသာစပ်နည်း ပုံတွေကိုတော့ အရင်တခါက ချက်နည်းတင်ထားတဲ့ ပုံတွေကိုဘဲ သုံးထားပါတယ် ကင်တဲ့အခါ အသားများတူးပြီး မကပ်သွားစေရန် baking paper ကိုသုံးပြီး ကင်ထားပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား  - 350 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. Butter chicken - ထမင်းစားဇွန်း ၃ဇွန်း
  4. သံပုရာရည် ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  5. ထောပါတ် - ထမင်းစားဇွန်း နှစ်ဇွန်း
  6. အကင်အိုး သို့မဟုတ် အောက်ခြေထူသော - ဒယ်အိုး
  7. ဝါးဒုတ်ချောင်း - လိုသလောက်
  8. Baking paper - လိုသလောက်


ပြင်ဆင်ပုံ
  1. ကြက်ရင်ပုံသားကို ရေဆေးပြီး ပုံပါအတိုင်း အမြှောင်းရှည်ရှည်လေးတွေ တုံးပေးပါ
  2. တုံးထားသော ကြက်သားကို ဆား butter chicken အနှစ်တို့နှင့်ရောနယ်ကာ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၅နာရီလောက် နှပ်ထားပေးပါ
  3. မကင်ခင် ရေ၃နာရီလောက် စိမ်ထားသော အကင်ဝါးချောင်းလေးတွေမှာ အသားတုံးလေးတွေကို ထိုးပေးပါ
  4. ဘာဘီကျူး အကင်အိုးနှင့် ကင်ပါက အကင်အိုးကို အပူပေးပြီး ဆီအနည်းငယ်သုပ်ပေးပါ
  5. အကင်အိုး မရှိပါက အောက်ခြေထူပြီး မကပ်သော အိုးတလုံးကို အသုံးပြုပြီး ကင်ပေးပါ
  6. မာမာကတော့ ဆေးရတာလွယ်ကူတဲ့ အောက်ခြေထူသော ဒယ်အိုးကိုသုံးပြီး ကင်ထားပါတယ်
  7. ဒယ်အိုးပေါ်မှာ baking paper ကို ဖြန့်ခင်းပေးပြီး အိုးကို low heat နှင့်  အပူပေးပါ
  8. အပူပေးထားသော ဒယ်အိုးထဲမှာ Baking paper ဖြန့်ခင်းပြီး ထောပါတ်ခဲကိုထည့်ပြီး အပူပေးပါ
  9. ထောပါတ်ခဲ ပူလာတာနဲ့ အရသာနယ်ပြီး နှပ်ထားသော ကြက်သားကို အကင်အိုးထဲထည့်ပြီး ကင်ပေးပါ
  10. ကင်နေစဉ် အကျက်ညီစေရန် အိုးအဖုံးကို ဖုံးထားပေးပါ
  11. ကြက်သားကင် တဖက်ကို ၃မိနစ်လောက် အပူပေးပြီး ကြက်သား အပေါ်ယံကို အိုးထဲမှ ထောပါတ်ဆီအနည်းငယ် သုတ်ပေးကာ တဖက်ကို လှည့်ပေးပြီး ကင်ပေးပါ
  12. နောက်တဖက်ကိုလဲ ၃မိနစ်လောက်ကင်ပေးပြီးရင် ထောပါတ်နံ့သင်းနေသော ကြက်သားကင် မွှေးမွှေးလေး ရပါပြီ။

No comments:

Post a Comment