Tuesday 7 July 2020

မာလကာသီး ဖျော်ရည်







ဒီနေ့တော့ မာမာဖျော်သောက်ဖြစ်တဲ့ မာလကာသီး ဖျော်ရည်အကြောင်းလေး ပြောပြချင်ပါတယ် မာမာနေတဲ့ နိူင်ငံမှာ မာလကာသီးက အရမ်းရှားပါတယ် ရှားရှားပါးပါး တွေ့ပြန်တော့လဲ စျေးကအရမ်းကြီးပါတယ်။

ဒီတော့လဲ ရှားရှားပါးပါး ဝယ်စားရတဲ့အတွက် မာလကာသီးကို တန်ဖိုးထားပြီး စားရပါတယ် ဒီလိုတန်ဖိုးထားပြီး စားရတဲ့အတွက် မာလကာသီးမှာပါတဲ့ အစေ့နားမှာ ကပ်နေတဲ့ အသားတွေကို လွှင့်မပြစ်ရက်ခဲ့ပါဘူး။

ပြစ်လိုက်ရမှာ သမျှောပြီး မာလကာသီး အစေ့တွေကို စားမိလို့ ကျေညက်အောင် မဝါးမိပြန်ရင်လဲ အခန့်မသင့်တဲ့ အခါမှာ အူအတက်ထဲကို ဝင်သွားနိူင်ပါတယ်။ 

အဲဒီအခါမျိုးမှာ အူကိုဒုက်ခပေးတတ်တဲ့အတွက် မာမာကတော့ ဘလင်ဒါထဲ ထည့်ကြိတ်ပြီး ဇကာစိတ်စိတ်လေးနဲ့ စစ်ပေးကာ မာလကာသီး အူတိုင်တွေကို ဖျော်ရည်လုပ်ပြီး သောက်ဖြစ်တဲ့အတွက် ဖျော်ရည်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မာလကာသီး သုံးလုံးမှာပါသော အစေ့မှာ ကပ်နေသော - အတွင်းသားများ
  2. ရေ -  ပုံမှန်သောက်နေကျ ဖန်ခွက်တစ်လုံးစာ
  3. အသီးအရွက်ကြိတ်သော - ဘလင်ဒါ 
ပြင်ဆင်ပုံ
  • မာလကာသီးကို အလုံးလိုက် ရေဆေးပြီး အစိတ်လေးတွေ စိတ်ပေးပါ
  • မာလကာသီး စိတ်ထဲမှ အစေ့မှာ ကပ်နေတဲ့ အတွင်းအသားများကို လှီးထုတ်ပေးပါ
  • ရေသန့်ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဘလင်ဒါ ဗူးထဲမှာ မာလကာသီး အတွင်းသားများနှင့် ရေကိုထည့်ပေးပါ
  • ပြီးတာနဲ့ တစ်မိနစ်ကြိတ်လိုက် တစ်ခါနားလိုက် လုပ်ပေးကာ ခြောက်မိနစ်လောက် ကြိတ်ပေးပါ
  • ကြိတ်ပြီးတာနဲ့ ဖျော်ရည်ထဲမှာ အစေ့များ မပါစေရန် ဇကာစိတ်စိတ်လေးနဲ့ စစ်ပေးပါ
  • အစေ့များကို ဇကာနှင့် စစ်ပေးပြီးတာနဲ့ မာလကာသီး ဖျော်ရည် ချိုချိုမွှေးမွှေးလေးကို ရပါပြီ
  • အမောပြေစေတဲ့ မာလကာသီး ဖျော်ရည်မွှေးမွှေးလေးကို ပြင်ဆင်ပေးနိူင်ပါပြီရှင်။

No comments:

Post a Comment