Monday 8 September 2014

ပုဇွန်ခွက်ကြော်


ဒီနေ့ကြော်စားဖြစ်တဲ့ အကြော်လေးပေါ့ အိမ်ကသားနဲ့သမီး အရမ်းကြိုက်တဲ့ အကြော်လေးမို့ မကြာမကြာတော့ ကြော်ဖြစ်ပါတယ်။

တစ်ကယ်တန်းကြတော့ ပုဇွန်ခွက်ကြော်က ပုံးစံခွက်လေးထဲကို အကြော်နှစ်စပ်ထားတဲ့ ပဲပင်ပေါက်ရယ် ပုဇွန်ရယ်ကိုထဲ့ပြီးမှ ခွက်ကိုင်းကိုကိုင်ပြီး ဆီပူအိုးထဲနှစ်ပြီးကြော်ပေးရတာပါ။

အကြော်ကျက်လာတာနဲ့ ခွက်ထဲကနေ စောင်းပြီးဆီပူအိုးထဲ သွန်ချပြီး ခနထားပြီးတာနဲ့ ဆယ်ပြီးဆီစစ်လိုက်ရုံပါဘဲ။

မာမာကတော့ ပုဇွန်ခွက်ကြော်တဲ့ ခွက်မရှိတာနဲ့ ပန်းကန်ပြားပြန့်ပြန့်လေးပေါ် ပဲပင်ပေါက်နဲ့ပုဇွန်တင်ပြီး ဆီပူအိုးထဲကို အသာတွန်းချပြီး ကြော်ထားတာပါ။

ပါ၀င်ပစ္စည်းများ

ပုဇွန်ထုတ် - ခပ်ကြီးကြီး ၇ကောင်
တန်ပူရာမှုန့်. - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်
ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်၀က်
ရစင်အောင် ဆေးထားသော ပဲပင်ပေါက် - 350 g
ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က် 
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ဆီ - လိုသလောက် သုံးပေးပါ

ကြော်ဖို့ပြင်ပါမယ်
တန်ပူရာမှုန့် နနွင်းမှုန့် ဆား အချိုမှုန့်တို့ကိုရေနဲ့ရောပြီး သမအောင်မွှေပေးပြီးမှ ပဲပင်ပေါက်ကိုထဲ့ကာ ဖွဖွလေးနယ်ပေးပါ
ပန်းကန်ပြားပြန့်ပြန့်လေးပေါ်သို့ မုန့်နှစ်လူးထားသော ပဲပင်ပေါက်နဲနဲနှင့် ပုဇွန်တစ်ကောင်ကို ထဲ့ပြီးပြင်ပေးထားပါ
ဆီကို မီးအပူပေးပြီး ဆီပူပြီးကျက်လာပါက မီးကိုအနေတော် လျှော့ပေးကာ ပဲပင်ပေါက်နှင့်ပုဇွန်ကိုထဲ့ကြော်ပေးပါ
မီးအရမ် းမများစေရန် သတိပြုပြီး ကြော်ပေးပါ 
တစ်ဖက်ရွှေဝါရောင် သန်းလာပါက တစ်ဖက်ကို လှန်ပေးပါ
နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
ဆီစစ်သွားပါက ပုဇွန်ခွက်ကြော်လေး ရပါပြီ။

3 comments:

  1. မာမာတစ်ယောက်ပုဇွန် ဓာတ်ကျနေပုံရတယ် :P
    အမြင်နဲ့တင် ပုဇွန်ခွက်ကြော်လေးစားချင်စရာ အပြင်မှာတကယ်စားချင်တယ် .. :D

    ReplyDelete
  2. အခုရက်ထဲ ပုဇွန်ထုတ်တွေဈေးချနေလို့ပါ တီတင့်ရေ
    အရင်တုံးက တစ်ကီလိုကို $30 လောက်ပေးရတဲ့ ပုဇွန်ကျားတွေကို $19 နဲ့ ချရောင်းနေလို့ တန်တာနဲ့ ၀ယ်စားဖြစ်တာပါတီတင့်ရေ :-D
    တစ်ကယ်အပြင်မှာတွေ့ရင် ကြော်ကျွေးမယ်နော် ။

    ReplyDelete
  3. အကြော်ကြိုက်တယ် မမမာရေ ..
    ကြော်စားဦးမယ်..
    မိုးစက်ဝိုင်

    ReplyDelete