Friday 18 July 2014

ငါးမြွေထိုး အချဉ်ဆီပြန်ဟင်း


ငါးစားရင် ဥာဏ်ကောင်းစေတယ်ဆိုတဲ့ အသိစိတ်က ရှိနေခဲ့တော့ ကိုယ်စားတတ်တဲ့ ငါးလေးများရရင် သိပ်ပျော်မိပါတယ် ရေချိုငါး ရှားပါးတဲ့ နေရာမို့လို့ ရေချိုငါးလေးများရရင် အချဉ်တစ်မျိုး အစပ်တစ်တစ်ဖုံချက်ပြီး သကာလ ထမင်းစားရတာ အင်မတန်မှ မြိန်လွန်းပါတယ်။

ဒီနေ့တော့ ငါးမြွေထိုးကို အချဉ်ဆီပြန်လေး ချက်ထားပါတယ် ငါးမြွေထိုးက မီးသွေးမီးဖိုမှာ ကင်ပြီးချက်တာက ပိုပြီးစားလို့ကောင်းသလို ပိုပြီးလဲမွှေးပါတယ်။

မာမာကတော့ မီးသွေးမီးဖို မရှိတဲ့အတွက် ငါးကိုအရင်ဆုံး ရှာလကာရည်နဲ့နယ်ပြးေ ရေဆေးလိုက်ပါတယ် အချွဲတွေ စင်သွားပြီဆိုတော့မှ ဟင်းချက်ဖို့ပြင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးမြွေထိုး - 400 gm
  2. ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  3. ညက်နေအောင် ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ညက်နေအောင် ထောင်းထားသော ချင်း - လက်တစ်ဆစ်
  5. မကျည်းမှည့်အနှစ် လက်ဖက်ရည်ဇွန်း - တစ်ဇွန်းသာသာ
  6. မဆလာ လက်ဖက်ရည်ဇွန်း - တစ်ဇွန်း
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း - တစ်ဇွန်း
  9. ဆီ ထမင်းစားဇွန်း - လေးဇွန်းသာသာ
  10. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဝက်

ငါးအရသာနယ်ရန်
  • ငါးကိုအရင်ဆုံး ရှာလကာရည် တစ်ဇွန်းသာသာ ထည့်ပြီး နယ်ဖတ်ကာ ရေစင်အောင် ဆေးပေးပါ
  • ဗိုက်ခွဲပြီး မလိုတာတွေ ထုတ်ကာ ရေနှင့် ဆေးပေးပါ
  • ပြီးတာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ ငါးကိုထည့်ပေးပါ
  • ငါးထဲကို ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်နှင့် ငါးငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းသာသာထည့်ပေးပါ
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ထည့်ပေးပါ
  • ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ ထည့်ပေးပါ
  • အားလုံးထည့်ပြီးပါက ငါးကိုအရသာ ၀င်စေရန် နယ်ပေးပါ
ဟင်းချက်ရန်
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအရင်ဆုံး အပူပေးပါ
  • ဆီပူလာမှ နနွင်းမှုန့်ကို ထည့်ပေးပါ
  • ပြီးတာနဲ့ ထောင်းထားသော ဟင်းချက်အမွှေးအကြိုင်များ ထည့်မွှေပေးပါ
  • တစ်မိနစ်လောက် မွှေပြီးတာနဲ့ငရုတ်သီး အရောင်တင်မှုန့်ကိုထည့်ပြီး ၂မိနစ်လောက် မွှေပေးပါ
  • ငရုတ်သီး ဆီသတ်နံ့ မွှေးလာပြီ ဆိုတာနဲ့ ငရုတ်ကောင်းမှုန့်နှင့် ငါးအရသာနယ် တို့ကိုထည့်ပြီး မွှေပေးပါ
  • ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းထည့်ပြီး အရသာညီအောင် အိုးကိုလှုပ်ပေးပါ
  • ငါးအသားများ မာပြီးတင်းသွားမှ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ရေဆူလာပါက မကျည်းမှည့်အနှစ် ထည့်မွှေပြီး အဖုံးအုပ်ပြီး ဆက်ချက်ပေးပါ
  • ဆီမပြန်ခင် အရည်လေး နည်းနည်းကျန်နေချိန်မှာ မဆလာအုပ်ပြီး အရသာမြည်းကာ မီးပိတ်ပေးပါ
  • ပြီးတာနဲ့ ငါးမြွေထိုး အချဉ်ဆီပြန် ဟင်းလေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

6 comments:

  1. အရမ်းအရမ်းကို စားချင်တာပါပဲရှင် :D

    ReplyDelete
    Replies
    1. စားပါနော် စူးနွယ်လေးရေ။

      Delete
  2. စားချင်လိုက်တာ အစ်မရေ .... ^___^

    ReplyDelete
    Replies
    1. ပို့လိုက်မယ်လေ ညီမလေးရေ။

      Delete
  3. Oh,I like this
    ခိုင်

    ReplyDelete