Wednesday, 2 July 2014

ငါးသားလေး ကြွတ်ကြွတ်ကြော်



ဒီနေ့တော့ မာမာကြိုက်တဲ့ ငါးသားလေးတွေကြော်ပါတယ် ငါးသားပေါက်ကလေးတွေမို့ ကြော်ပြီးဘဲစားစား အိုးကပ်လေးချက်ပြီးဘဲစားစား စားလို့အရမ်းကောင်းသလို အရမ်းလဲကြိုက်ပါတယ် ဒီနေ့အတွက်တော့ ငါးသားလေးတွေကို ကြွတ်နေအောင်ကြော်ပြီး ငါးကြော်ဆီလေးဆမ်းကာ စားမယ်လို့စိတ်ကူးထားပါတယ် ထမင်းမိန်မိန်စားရအောင် မာမာတို့တွေငါးသားလေးတွေကို အတူတူကြော်ကြရအောင်။

ငါးသားလေးက အရသာနယ်ပြီးတာနဲ့နှပ်ထားစရာမလိုဘဲ တန်းပြီးကြော်လို့ရပါတယ် ငါးအသားကနုလွန်းတဲ့ အတွက်အရသာဝင်လွယ်ပါတယ် ကြော်တဲ့အခါမှာလဲ ဟိုဘက်ဒီဘက် ခနခနလှန်ပေးစရာမလိုဘဲ တစ်ဖက်ကျက်မှ တဖက်ကိုလှန်ပေးပြီး နှစ်ဘက်လုံးကျက်တာနဲ့ ဆယ်ပြီးဆီစစ်ပေရပါမယ်။

ပါဝင်ရမှာလေးတွေကတော့

  • ငါးသားလေး - 250 g
  • ဆား လက်ဖက်ရည်ဇွန်း - တ၀က်
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း - သုံးပုံတပုံ
  • ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်း - တ၀က်
  • ဆီ လက်ဖက်ရည်ပန်းကန်လုံး  -၂လုံးခန့်
ကြော်ဖို့အတွက်ပြင်ပါမယ်
  • ငါးသားလေးတွေကို ရေစင်အောင်ဆေးပြီး ရေစစ်ကာ အရသာများအားလုံးထဲ့ပြီး နယ်ပေးပါ
  • ဆီကိုအပူပေးပါ ဆီပူလာပါက မီးကိုအနေတော်ထားပြီး ငါးသားလေးများထဲ့ကြော်ပေးပါ
  • ခနခနမွှေပေးရန်မလိုဘဲ တစ်ဖက်ကျက်မှ တဖက်ကိုလှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းပါက ဆယ်ပြီးဆီစစ်ပေးထားပါ
  • ဆီစစ်သွားပါက ထမင်းပူပူလေးကို ငါးကြော်ဆီဆမ်းပြီး စားသုံးနိုင်ပါပြီ
ငါးသားလေးကြော်ဖို့အတွက် ငါးပုံလေးတွေပြထားတာပါ ဖုန်းနဲ့ရေးထားတဲ့အတွက်အဆင်ပြေသလို တင်ပေးလိုက်တာပါ။







6 comments:

  1. Hi မမမာရေ
    မရောက်တာကြာလို့ လည်လည်လာပါတယ် မမ
    မမမာ နေကောင်းတယ်နော်
    ဟင်းတွေ အားလုံး အားပေးသွားပါတယ်..း)
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. ကျေးဇူးပါ မိုးစက်ဝိုင်ရေ

      Delete
  2. ဒီနေ့မှဒီblogကိုစတွေ့တယ်အိမ်မှာတနေ့ နှစ်မျိုးတပတ်လုံးမထပ်အောင်ချက်ရတယ်
    အားပေးမယ်နေ့ တိုင်းဒီကနည်းယူပြီးချက်မယ်နော်
    ခိုင်

    ReplyDelete
    Replies
    1. အားပေးတာ ကျေးဇူးပါ ခိုင်ရေ
      ချက်ပါနော်

      Delete
  3. နိုင်ငံခြားမှာကောင်းလိုက်တာအားလုံးအဆင်သင့်ပဲဒီမှာစိုငါးသားလေးဝယ်လို့ ကဇက်ကြောတတ်ပြီး
    But I like this.
    ခိုင်

    ReplyDelete
    Replies
    1. စားပါနော် ခိုင်ရေ

      Delete