Wednesday 2 July 2014

ငါးသားလေး အကြွတ်ကြော်





ဒီနေ့တော့ မာမာကြိုက်တဲ့ ငါးသားလေးတွေ ကြော်ပါတယ် ငါးသားပေါက်ကလေးတွေမို့ ကြော်ပြီးဘဲစားစား အိုးကပ်လေးချက်ပြီးဘဲစားစား စားလို့အရမ်းကောင်းသလို အရမ်းလဲ ကြိုက်ပါတယ်။

ဒီနေ့အတွက်တော့ ငါးသားလေးတွေကို ကြွတ်နေအောင်ကြော်ပြီး ငါးကြော်ဆီလေးဆမ်းကာ စားမယ်လို့စိတ်ကူးထားပါတယ် ထမင်းမိန်မိန် စားရအောင် မာမာကြော်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ငါးသားလေးက အရသာ နယ်ပြီးတာနဲ့နှပ်ထားစရာမလိုဘဲ တန်းပြီးကြော်လို့ရပါတယ် ငါးအသားက နုလွန်းတဲ့အတွက် အရသာ၀င်လွယ်ပါတယ် ကြော်တဲ့အခါမှာလဲ ဟိုဘက်ဒီဘက် ခနခန လှန်ပေးစရာ မလိုဘဲ တစ်ဖက်ကျက်မှ တဖက်ကို လှန်ပေးပြီး နှစ်ဘက်လုံး ကျက်တာနဲ့ ဆယ်ပြီးဆီစစ်ပေရပါမယ်။

ပါ၀င်ပစ္စည်းများ

ငါးသားလေး - 250 g
ဆား လက်ဖက်ရည်ဇွန်း - တစ်၀က်
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း - သုံးပုံတစ်ပုံ
ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်း - တစ်၀က်
ဆီ လက်ဖက်ရည်ပန်းကန်လုံး  -၂လုံးခန့်

ပြင်ဆင်ပုံ
ငါးသားလေးတွေကို ရေစင်အောင်ဆေးပြီး ရေစစ်ကာ အရသာများ အားလုံးထည့်ပြီး နယ်ပေးပါ
ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ 
ဆီပူလာပါက မီးကိုအနေတော်ထားပြီး ငါးသားလေးများကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
ကြော်ထားစဉ် ခနခန မွှေပေးရန် မလိုဘဲ တစ်ဖက်ကျက်မှ တဖက်ကို လှန်ပေးပါ
နှစ်ဖက်လုံး ရွှေဝါရောင် သန်းလားပါက ဆယ်ပြီးဆီစစ်ပေးထားပါ
ဆီစစ်သွားပါက ထမင်းပူပူလေးကို ငါးကြော်ဆီဆမ်းပြီး စားသုံးနိုင်ရန် ပြင်ပေးနိူင်ပါပြီ။ 

6 comments:

  1. Hi မမမာရေ
    မရောက်တာကြာလို့ လည်လည်လာပါတယ် မမ
    မမမာ နေကောင်းတယ်နော်
    ဟင်းတွေ အားလုံး အားပေးသွားပါတယ်..း)
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. ကျေးဇူးပါ မိုးစက်ဝိုင်ရေ

      Delete
  2. ဒီနေ့မှဒီblogကိုစတွေ့တယ်အိမ်မှာတနေ့ နှစ်မျိုးတပတ်လုံးမထပ်အောင်ချက်ရတယ်
    အားပေးမယ်နေ့ တိုင်းဒီကနည်းယူပြီးချက်မယ်နော်
    ခိုင်

    ReplyDelete
    Replies
    1. အားပေးတာ ကျေးဇူးပါ ခိုင်ရေ
      ချက်ပါနော်

      Delete
  3. နိုင်ငံခြားမှာကောင်းလိုက်တာအားလုံးအဆင်သင့်ပဲဒီမှာစိုငါးသားလေးဝယ်လို့ ကဇက်ကြောတတ်ပြီး
    But I like this.
    ခိုင်

    ReplyDelete
    Replies
    1. စားပါနော် ခိုင်ရေ

      Delete