Saturday, 21 June 2014

ကြက်ဥ (သို့မဟုတ်)ဘဲဥ ငါးခြောက် အာလူးချဉ်ရည်ဟင်း


ချက်ရတာ လွယ်သလောက် စားကောင်းပြီး ထမင်းမိန် ဟင်းပွဲလေးပါ ဒီနေ့ချက်တဲ့ ကြက်ဥချဉ်ရည်ဟင်းလေးထဲမှာ ငါးခြောက်လေးပါ ထဲ့ချက်ထားတာမို့ အရသာကတော့ တမျိုးပိုသွားပါတယ် ကြက်ဥနဲ့ဘဲဥ ချက်နည်းက အတူတူဘဲမို့ နံမည်၂မျိုး ရေးပေးထားပါတယ်။

ဒီနေ့ချက်တဲ့ ချဉ်ရည်ဟင်းလေးအတွက်

  • ပြုပ်ပြီးအခွံခွာကာ အရှည်လိုက်မွှန်းထားသော ကြက်ဥ သို့မဟုတ် ဘဲဥ -  ၅လုံး 
  • အခွံခွာပြီး ထက်ခြမ်းခြမ်းထားသော အာလူး - အနေတော်  ၃လုံး
  • အနေတော်လှီးပြီး ရေစိမ်ထားသောငါးခြောက် -  ၅ပိုင်း
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်နီ - အနေတော် တခြမ်း
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်ဖြူ -  ၃မွှာ
  • ညက်နေအောင်ထောင်းထားသော ချင်း - လက်တဆစ်ခန့်
  • ဆီ -  ထမင်းစားဇွန်း ၃ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ငံပြာရည် -  ထမင်းစားဇွန်း ၂ဇွန်း
  • ဟင်းချိုမှုန့်. - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငရုတ်သီးအရောင်တင်မှုန့်. -လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
  • မကျီးနှစ် - လက်ဖက်ရည်ဇွန်း တဇွန်း
  • မဆလာ - လက်ဖက်ရည်ဇွန်း တဇွန်း
ဟင်းချက်ရန်
  • ဆီကိုအပူပေးပါ
  • ဆီပူလာပါက နနွင်းမှုန့်ထဲ့ပြီး ထောင်းထားသော ကြက်သွန်နီ/ ဖြူ ချင်း ငရုတ်သီးမှုန့်တို့ကိုထဲ့ပါ
  • ဆီသတ်နံ့သင်းလာတဲ့ထိ မွှေပေးပြီး ငါးခြောက်ကို ဆီသတ်ပေးပါ
  • ကြက်ဥ သို့မဟုတ် ဘဲဥနှင့်အာလူးကို ထဲ့ပြီးတာနဲ့ငံပြာရည်ထဲ့ပြီး မွှေပေးပါ
  • ဆီကြွတ်ကြွတ်မြည်လာတာနဲ့ ရေမြုပ်အောင်ထဲ့ပြီး အရသာမှုန့်ထဲ့ကာ တည်ပေးပါ
  • အာလူးနူးပါက မကျီးနှစ်ထဲ့ပြီး သုံးမိနစ်လောက်ဆူစေကာ မဆလာအုပ် အရသာမြည်းပြီး မီးပိတ်ပါ
  • ဟင်းရည်ကို ကိုယ်လိုသလောက်ထားပြီး ချက်နိုင်ပါတယ်။

1 comment:

  1. ဒီဟင်းလေးလဲ တအားစားချင်လိုက်တာ အစ်မရေ .... ^__^

    ReplyDelete