Tuesday 4 September 2012

မုန့်ညှင်း သားသတ်လွတ်ကြော်


မာမာဒီနေ့တော့ မုန့်ညှင်းကို သတ်သတ်လွတ် ကြော်ထားပါတယ် အသားတွေကို မနှစ်သက်တဲ့သူတွေနဲ့ ဝါတွင်းကာလ သတ်သတ်လွတ်စားတဲ့ သူတွေအတွက် အဆင်ပြေစေမဲ့ ဟင်းလေးပါ ကြော်ရတာမြန်သလို စားလို့လဲ အရမ်းကောင်းတဲ့ ဟင်းတစ်မယ် ဖြစ်တာကြောင့် ကြော်စားကြည့်စေ ချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မုန့်ညှင်းဖြူပင် - ခွန်နှစ်ပင်
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  3. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတစ်ပုံ
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  1. မုန့်ညှင်းဖြူ အပင်ကို လက်နှစ်လုံးစာလောက် အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  3. ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  4. ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပါ
  5. ပြီးတာနဲ့ ရေစစ်ထားသော မုန့်ညှင်းဖြူ များထည့်ပြီး ဆားနှင့် အချိုမှုန့်ထည့်မွှေပါ
  6. နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ဖြူးပြီး စားသုံးနိုင်ပါပြီ။

2 comments:

  1. ကြိုက်တယ် မမမာ

    ReplyDelete
    Replies
    1. ကျေးဇူးပါနော် စုရေ :)

      Delete