Thursday 20 September 2012

ပဲသီးနှမ်းကြော် မွှေးမွှေးလေး

ပဲသီးကြော်

ပဲသီးလေးကို သားသတ်လွတ်လေး ကြော်ထားပါတယ် အသီးအရွက်ကြိုက်တဲ့ မာမာတို့အတွက်ကတော့ ရှယ်ဟင်းလေးမို့ ထမင်းပူပူလေးနဲ့ စားလိုက်ရင်အရမ်းကို ထမင်းမိန်စေတဲ့ ဟင်းတစ်မယ်ပါ။
လေးယောက်စာ
  • ခပ်စောင်းစောင်းလှီးထားသော ပဲသီး - ၂၀တောင့်
  • ပါးပါးလှီးထားသောကြက်သွန်နီ - တခြမ်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  • နှမ်းလှော် - ထမင်းစားဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး
ပဲသီးနှင့် ကြက်သွန်နီ
ဆီပူပူမှာနနွင်းမှုန့်ထဲ့ပြီးမှ ကြက်သွန်နီကိုနွမ်းသွားတဲ့ထိကြော်ကာ
ပဲသီး ဆားနှင့်ဟင်းချိုမှုန့်တို့ကို တမိနစ်ခွဲလောက်ထဲ့ကြော်ပါ
ပဲသီးများနွမ်းလာပါနှမ်းလှော်ထဲ့ကာ မွှေပြီးမီးပိတ်ပေးပါ
ပဲသီးနှမ်းလှော်ကြော်လေးရပါပြီ

7 comments:

  1. အဲဒီလိုစိမ်းစိမ်းလေးဆိုကြိုက်မှကြိုက်မမမာရေ သီတာ

    ReplyDelete
    Replies
    1. သီတာရေ ကြိုက်ရင်စားပါနော်

      Delete
  2. ကူးကူးလှိုင်20 September 2012 at 18:27

    ပဲသီးကြော်လေး အားပေးသွားပါတယ် ...

    ReplyDelete
    Replies
    1. ကူကူးလှိုင် ရေ
      လာလည်တဲ့အတွက်ဝမ်းသာနေသလို
      အားပေးသွားတဲ့အတွက်လဲပျော်နေပါတယ်

      Delete
  3. နှမ်းလှော်နံ့မွှေးမွှေးလေး ကြိုက်တယ်

    ReplyDelete
  4. နှမ်းလှော်နံ့မွှေးမွှေးလေး အ၇မ်းကြိုက်

    ReplyDelete