Saturday 8 September 2012

Panko Bread Crumbs ကြက်သားကြော်

ကြက်ရင်ပုံသားကြော်
မာမာဒီနေ့တော့ကြက်ရင်ပုံသားလေးကို Panko Bread Crumbs  မှုန့်လေးနဲ့ကပ်ပြီး ကြော်ထားပါတယ် ကလေးတွေကတော့ တော်တော်လေးစားကောင်းတယ်လို့ပြောကြပါတယ် မေမေဘယ်လိုကြော်ထားတာလဲ
လို့မေးကြပါတယ် အရင်တစ်ခါလဲဒီနည်းလေးကိုအခြေခံပြီး သူတို့ကိုလုပ်ကျွေးဘူးပါတယ် အဲဒီတုန်းကတော့
oven ထဲမှာထဲ့ပြီး ကင်ထဲ့သဘောလေးလုပ်ပေးတာပါ အခုကတော့ဆီထဲမှာထဲ့ပြီးကြော်ထားတာပါ ကြက်သားကနူးအိပြီး မွှေးမွှေးလေးမို့စားရတာတော်တော်လေးအရသာရှိပါတယ် အချိန်လဲမကြာလို့ကြော်စားကြည့်မယ်ဆိုရင် မာမာနဲ့အတူတူကြော်ကြမယ်နော်
လေးယောက်စာ
ကြက်သားအရသာနယ်ရန်
  • ကြက်သား - နှစ်ဆယ့်ငါးကျပ်သား
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ကြော်ရန်
  • ကြက်ဥ - တစ်လုံး
  • Panko Bread Crumbs အမှုန့် - ထမင်းစားဇွန်း ၇ဇွန်း
  • ဆီ - လက်ဖက်ရည်ပန်းကန် တစ်လုံး
ကြက်ရင်ပုံသားအရသာနယ် ကြက်ဥ Panko Bread Crumbs အမှုန့်
ကြက်သားအရသာနယ်ပြီးသားကိုPanko Bread Crumbs အမှုန့်နှင့်တစ်ပြားချင်းစီလူးပေးပါ
Panko Bread Crumbs အမှုန့်လူးပြီးသားကိုကြက်ဥခေါက်ထားသောအထဲသို့နှစ်ဖက်စလုံးကိုနှစ်ပေးပါ
ကြက်ဥနှစ်ပြီးသားကိုနောက်တစ်ခေါက် Panko Bread Crumbs အမှုန့်ထပ်လူးပေးပါ
မီးအနေတော်နှင့်အပူပေးထားသောဆီပူပူမှာထဲ့ကြော်ပေးပါ
နှစ်ဖက်စလုံးကျက်သွားပါကဆယ်ပြီးဆီစစ်ပေးပါ
Panko Bread Crumbs ကြက်ရင်ပုံသားကြော်မွှေးမွှေးနူးနူးအိအိလေးရပါပြီ

8 comments:

  1. ကြက်ရင်ပုံသားကြော်လေးကို အားပေးသွားပါတယ်။ ကွန်ပြူတာကတော့ မကောင်းသေးပေမဲ့ တခြားကွန်ပြူတာနဲ့ မြန်မာလို ရေးလို့ ရသွားလို့ ဝမ်းသာ အားရနဲ့ ရေးလိုက်ပါတယ်.. (^_^)

    ReplyDelete
    Replies
    1. ကျေးဇူးပါညီမလေးရေ :)

      Delete
  2. တစ်အိမ်လုံး ကြိုက်မှကြိုက် မာမာရေး) အားပေးသွားတယ်နော်။
    စကားမစပ် မာမာရဲ့ ဖေ့ဘုတ်သုံးတယ်ဟုတ်? တီတင့်ထဲမှာရှိလား တီတင့်က Aunty Tint ပါး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. မာမာ့ဟင်းလေးကိုအားပေးလို့ကျေးဇူးပါနော်
      ဖေ့ဘုတ်သုံးဖြစ်ပါတယ် တီတင့် တီတင့်အထဲမှာရှိပါလိမ့်မယ်
      အရင်တစ်ခါတော့ တီတင့်နဲ့ဖေ့ဘုတ်ထဲမှာ ချက်ဖြစ်လိုက်ပါသေးတယ်

      လေးစားခင်မင်လျှက်
      မာမာ

      Delete
  3. စားချင်တယ်သီတာ

    ReplyDelete
    Replies
    1. စားပါနော် သီတာရေ :)

      Delete
  4. စားသွားတယ် မမမာ

    ReplyDelete