မာမာ့အိမ်က တစ်ပင်ထဲသော ချဉ်ပေါင်ပင်လေးပါ စိတ်ထဲက စားချင်လာတာနဲ့ ဆင်းခူးပြီး စပ်စပ်လေးကြော် ထားပါတယ် ချဉ်ပေါင်ကြော်ဆိုရင် ထမင်းမိန်လွန်းလို့ မာမာ့ကလေး၂ယောက် အရမ်းကြိုက်ကြပါတယ်။
ချဉ်ပေါင်ရွက်ဆိုရင် ကြော်ချင်ကြော် ချက်ခြင်ချက် နှစ်သက်ကြတဲ့ မာမာ့ကလေးတွေ အတွက်ကတော့ အရမ်းကို တန်ဖိုးရှိတဲ့ ဟင်းလေးပါ အသားအများကြီး မစားတဲ့ကလေးတွေအတွက် မာမာညာတာပါတေးနဲ့ ပုဇွန်လေးတွေကို ပိုထဲ့ပြီး အသားဓါတ်လေးရအောင်လို့ ကြော်ပေးထားတာမို့ ဒီနေ့ချဉ်ပေါင်ကြော်က ရှယ်ပါဘဲ။
ချဉ်ပေါင်ရွက်က ချဉ်ပေါင်အဖြူမို့ အချဉ်အရသာ နဲနေတဲ့အတွက် ကင်ပွန်းချဉ်ရွက်လေး လက်တစ်ဆုပ်စာ လောက်လဲ မာမာထဲ့ကြော်ထားပါတယ် ချဉ်ချဉ်လေးစားရအောင်လို့ပါ။
လွယ်ကူမြန်ဆန်လွန်းတဲ့ ချဉ်ပေါင်ရွက်လေးကြော် ကြော်နည်းလေး မျှဝေပေးပါမယ်
ပါဝင်ရမှာလေးတွေက
- ချဉ်ပေါင်ရွက် - အနေတော်ဇကာ တလုံးစာ
- ကင်ပွန်းချဉ်ရွက် - လက်တဆုပ်စာ
- ခေါင်းဖြုတ်ပြီးသား ဘော့ချိတ်ပုဇွန် - သုံးဆယ်သား
- ပါးပါးလှီးထားသောကြက်သွန်နီ - ဟင်းထဲ့ပန်ကန် တလုံးစာ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
- ငရုတ်သီးလုံးခြမ်းခွဲ - ထမင်းစားဇွန်း သုံးဇွန်း
- ဆီ - လက်ဖက်ရည်အကြမ်းပန်းကန်လုံး တဝက်သာသာ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
- ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
- ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
- ပုဇွန်ငပိ - ထမင်းစားဇွန်း တဇွန်း
ပုဇွန်အရသာနယ်ရန်
- ပုဇွန် - သုံးဆယ်သား
- ဆား - လက်ဖက်ရည်ဇွန်း တဝက်
- ငံပြာရည် - လက်ဖက်ရည်ဇွန်း တဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး
- ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
 |
အိမ်မှာစိုက်ထားတဲ့ တပင်ထဲသောချဉ်ပေါင်ပင်
|
 |
ချဉ်ပေါင်ကြော်ရန်ပြင်ထားတာပါ
|
 |
ဆီပူပူမှာကြက်သွန်နီကိုအရင်ကြော်ပြီးနွမ်းသွားမှ
ငရုတ်သီးခွဲကြမ်းမှုန့်ကိုထဲ့ပြီ့း တမိနစ်လောက်ကြော်ပေးပါ
|
 |
ငရုတ်သီးနံ့သင်းလာပါကပုဇွန်ငပိကိုထဲ့ကာမွှေပြီး
မိနစ်ဝက်လောက်ကြော်ပေးပါ
|
 |
ပုဇွန်ကိုထဲ့ပြီး၂မိနစ်လောက်ကြော်ပေးပြီးမှချဉ်ပေါင်ရွက်
ကင်ပွန်းချဉ်ရွက် ငံပြာရည် ဟင်းချိုမှုန့်တို့ကိုထဲ့ကာ
တမိနစ်လောက်ကြော်ပေးပါ
|
 |
ချဉ်ပေါင်များနွမ်းသွားမှမျှစ်ကိုထဲ့ပြီးတမိနစ်လောက်ကြော်ပေးပါ
|
 |
အားလုံးသမသွားပါကကြက်သွန်ဖြူနှင့်ငရုတ်သီးစိမ်းများထဲ့ကာ
မွှေပြီးမီးပိတ်ပေးပါ
|
 |
ချဉ်ပေါင်ကြော်ကိုအပေါ့အငံမြည်းပေးပြီးသုံးဆောင်နိုင်ပါပြီ
|
 |
ထမင်းမိန်စေမည့် ချဉ်ပေါင်ကြော် စပ်စပ်လေးရပါပြီ
|