ဂေါ်ဖီကိုတော့ အဖြူရောင်ဘဲသုံးသုံး ခရမ်းရောင်ဘဲသုံးသုံး မိမိစိတ်ကြိုက် သုံးနိူင်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- မရမ်းပြားအခြောက် - နှစ်ဆယ်ခုခန့်
- ဂေါ်ဖီ - တစ်စိတ်
- ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ကြက်သွန်နီ - အနေတော် နှစ်လုံး
- ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
- ပုဇွန်ငပိမီးကင် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာသာသာ
ပြင်ဆင်ပုံ
- မရမ်းပြား အခြောက်ကို ရေနှစ်ထပ်လောက်ဆေးပြီး ရေမြုပ်အောင်ထည့်ကာ နှစ်နာရီလောက် စိမ်ထားပါ
- ရေစိမ်ထားတာ မရမ်းပြားများ ပျော့လာပါက ရေသွန်ကာ ရေစစ်ပေးပြီး ကပ်ကျေးနဲ့ ခပ်ပါးပါးလေးတွေ ညှပ်ပေးပါ
- ဂေါ်ဖီကို ခပ်ပါးပါး ရိတ်ရိတ်လေးတွေလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
- နံနံပင်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- ဇလုံကျယ်ကျယ်ထဲမှာ မရမ်းပြား ကြက်သွန်နီ ဂေါ်ဖီ ပုဇွန်ခြောက်မှုန့် ပုဇွန်ငပိ ငရုတ်သီးမှုန့် အရသာမှုန့်နှင့် ငါးငံပြာရည်တို့ ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
- နယ်ဖတ်ပြီးပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောက် ပြင်ပေးကာ မရမ်းပြားခြောက် အသုပ်လေးကို စားသုံးနိူင်ပါပြီ။
No comments:
Post a Comment