မာမာ ဒီနေ့တော့ ကြက်သွန်ဖြူနံ့လေးမွှေးပြီး အရသာ အရမ်းကောင်းတဲ့ ဝက်နံရိုးကြော်လေး ကြော်ပါတယ်။
အနံ့လေးမွှေးပြီး စားလို့ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်း
ပါဝင်ပစ္စည်းများ
- ဝက်နံရိုး - 500 g (နံရိုးသား နုနုကိုသုံးရင် ပိုကောင်းပါတယ်)
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ချင်း - အနည်းငယ်
- ရှာလကာရည် - လဖက်ရည်ဇွန်း တစ်ဇွန်း
- အရသာမှုန့် - လဖက်ရည်ဇွန်း တစ်ဇွန်း (ဝက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဝက်နံရိုးပြုပ်ထဲထည့်ရန်)
- ပဲငံပြာရည်အကြည် - လဖက်ရည်ဇွန်း တစ်ဝက်
- သကြား - လဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - လိုသလောက် သုံးပေးပါ
- ရေ အနည်းငယ် ( မုန့်နှစ်စပ်ရန်)
ပြုလုပ်ပုံ
- ဝက်နံရိုးကို အနေတော် အတုံးလေးတွေတုံးကာ ရေဆေးထားပါ
- ချင်းကိုအခွံခွာပြီး ရေဆေးကာ မညက်တညက် အနေအထားရအောင် ထုထားပါ
- ပြီးတာနဲ့ အိုးထဲမှာ ဝက်နံရိုး ချင်း ရှာလကာရည် အရသာမှုန့်နှင့် ရေထည့်ပြီး နာရီဝက်ခန့် ပြုပ်ပေးပါ
- ပြုပ်ပြီး ရရှိလာသော ဝက်နံရိုးများကို အရသာမှုန့် ပဲငံပြာရည်အကြည်နှင့် သကြားတို့ ထည့်နယ်ပြီး ၅မိနစ်ခန့် နှပ်ထားပါ
- ကြက်သွန်ဖြူနှင့်ချင်းကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းထားပါ
- ထောင်းပြီးပါက ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ကာ ကြွတ်အောင် ကြော်ပြီး ပြန်ဆယ်ထားပါ
- ထိုဒယ်အိုးထဲမှာ ဆီထပ်ထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ အရသာနယ်ပြီး နှပ်ထားသော ဝက်နံရိုးကို အိုးဆန့်သလောက်ထည့်ပြီး မီးအနေတော်ထားပြီး ကြော်ပေးပါ
- နီညိုရောင်လေး သန်းလာပါက ကြော်ထားသော ကြက်သွန်ဖြူနှင့် ချင်းတို့ကို ထည့်မွှေပေးပါ
- ပြီးတာနဲ့ ချက်ချင်းဆယ်ပြီး ဆီစစ်ပေးကာ မွှေးကြိုင်ပြီး အနံ့အရသာနဲ့ ပြည့်စုံတဲ့ ဝက်နံရိုးကြော်လေးကို သုံးဆောင်လို့ ရပါပြီ။
No comments:
Post a Comment