မာမာ ဒီနေ့တော့ ဆင်ခေါင်းပဲ ပြုပ်ပြီးသားလေးတွေကို နံနံပင် ကြက်သွန်နီနဲ့ ပဲဆီစိမ်းလေး ထည့်ပြီး မွှေးနေအောင် သုပ်ပါတယ် ငရုတ်သီးစိမ်းလေးတွေ ပါမယ်ဆိုရင်တော့ ပိုပြီးစားလို့ ကောင်းပါတယ်။
ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လွယ်ကူမြန်ဆန်ပြီး စားလို့ကောင်းတဲ့ သတ်သတ်လွတ် ပဲသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ပြုပ်ပြီးသား ဆင်ခေါင်းပွဲ - အနေတော် တစ်ပန်းကန်စာ
- ဆားအနု - လက်ဖက်ရည်ဇွန်း တစ်ဝက်
- နံနံပင် - အနည်းငယ်
- ကြက်သွန်နီ အလုံးသေး - မိမိနှစ်သက်သလောက် (shallot onionကို သုံးပေးပါ)
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ပဲဆီ - ထမင်းစားဇွန်း သုံးဇွန်း
ပြင်ဆင်ပုံ
- ပြုပ်ပြီးသား ဆင်ခေါင်းပဲ တစ်ပန်းကန်စာကို အဆင်သင့် ပြင်ပေးထားပါ
- နံနံပင်ကိုရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
- နံနံပင် ကြက်သွန်နီ ဆားအနုနှင့် အရသာမှုန့်တို့ကို ပြင်ထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတလုံးထဲမှာ ပါ၀င်ပစ္စည်းများထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
- အရသာ နယ်ပြီးပါက အရသာမြည်းပြီး လိုသလိုပြင်ကာ သတ်သတ်လွတ် ဆင်ခေါင်းပဲ ပဲသုပ်လေးကို မိမိနှစ်သက်သလို သုံးဆောင်နိူင်ပါပြီ။
No comments:
Post a Comment