ဒီနေ့တော့ ဝက်နားရွက်လေးတွေ ဝယ်လာဖြစ်တာနဲ့ ချဉ်ငံစပ်လေး သုပ်ဖြစ်ပါတယ် စားလို့အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဝက်နားရွက် - နှစ်ခု
- ဗီနီကာ - ထမင်းစားဇွန်း နှစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ချင်းတက် - လက်တစ်ဆစ်ခန့်
ဝက်နားရွက်ပြုပ်ပုံ
- ဝက်နားရွက်ကို ရေဆေးပြီး ဆား အရသာမှုန့်နှင့် ဗနီကာတို့ထည့်ကာ နယ်ထားပါ
- ချင်းကိုအခွံခွာပြီး ရေဆေးကာ ထုထားပါ
- ပြီးတာနဲ့ အိုးထဲမှာ ထုထားသော ချင်းကိုထည့်ပြီး ပြုပ်ပေးပါ
- ရေများ ပွက်ပွက်ဆူလာပါက အရသာ နယ်ထားသော ဝက်နားရွက်များကို ထည့်ပြုပ်ပေးပါ
- မိနစ်နှစ်ဆယ်လောက် ပြုပ်ပေးပါက ဝက်နားရွက်များ နူးလာတာနဲ့ ဆယ်ပြီးရေစစ်ထားပါ။
အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများ
- ဝက်နားရွက်
- အရသာမှုန့်
- ငါးငံပြာရည်
- ဂေါ်ဖီ
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ခရမ်းချဥ်သီး
- သခွားသီး
- နံနံပင်
- သံပုရာသီး
- ငရုတ်သီးစိမ်း
အသုပ်သုပ်ရန် ပြင်ဆင်ပုံ
- ရေစစ်ထားသော ဝက်နားရွက်များကို မထူမပါးလေးတွေ လှီးထားပါ
- အရသာမှုန့်နှင့် ငါးငံပြာရည်တို့ကို အဆင်သင့် ပြင်ထားပါ
- ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ခရမ်းချဉ်သီးကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- သခွားသီးကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- နံနံပင်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး ဓါးပြားရိုက်ထားပါ
အသုပ်သုပ်ပုံ
- ဇလုံတစ်လုံးထဲမှာ ဝက်နားရွက် ဂေါ်ဖီ ကြက်သွန်နီ ကြက်သွန်ဖြူ သခွားသီး ခရမ်းချဉ်သီး နံနံပင်နှင့် ငရုတ်သီးစိမ်းတို့ကို သင့်သလို ထည့်ပေးပါ
- ပြီးတာနဲ့ ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ကာ သံပုရာရည်ညှစ်ပြီး နယ်ပေးပါ
- အရသာ သမအောင် နယ်ပြီးတာနဲ့ အရသာ မြည်းပေးကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
- အရသာ သမသွားတာနဲ့ ချဉ်ငံစပ် ဝက်ခေါင်းသုပ်လေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment