မန်ကျည်းရွက် နုနုလေးတွေ မရှိတဲ့အတွက် ready made ပေါင်းပြီးသား မန်ကျည်းရွက်နဲ့ဘဲ ထောင်းထားပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- မန်ကျည်းရွက်ပေါင်းပြီးသား - 450 g
- မြေပဲလှော် - ထမင်းစားဇွန်း သုံးဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ကိုးမွှာ
- ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက်
- ပဲဆီ - လိုသလောက် ဆမ်းပေးပါ
ပြင်ဆင်ပုံ
- မန်ကျည်းရွက်ပေါင်းကို ပုလင်းထဲမှ ထုတ်ပြီး ရေစစ်ကာ အဆင်သင့် ပြင်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
- ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ မန်ကျည်းရွက်ပေါင်း ဆား အရသာမှုန့် ငရုတ်သီးစိမ်းနှင့် မြေပဲလှော်တို့ကို ငရုတ်ဆုံထဲထည့်ပြီး ညက်နေအောင် ထောင်းပေးပါ
- ထောင်းထားတာတွေ ညက်လာတာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ပေးကာ ပဲဆီမွှေးမွှေးလေး ဆမ်းပေးပြီး သုံးဆောင်နိူင်ပါပြီ။
No comments:
Post a Comment